(Unicode)
ဖိုးဖိုးဆီသွားကြမယ်ဆိုတဲ့ အစီအစဉ်ကြောင့် ဂျောင်ကုအလုပ်တွေကို အမြန်ဖြတ်နေရဝာယ်...။ ထယ်ယောင်းနဲ့ အဆင်ပြေပြေရှိနေကြတဲ့အလျောက် သူဖြစ်ချင်တာလေးတွေကို လုပ်ပေးဖို့အတွက်ပဲ ဂျောင်ကုဆန္ဒရှိတယ်...။
ထယ်ယောင်းဘက်က ကိုယ့်ကိုချစ်တယ်လို့ ဖွင့်ဟမပြောသည့်တိုင် လိုက်လိုက်လျောလျောရှိနေပေးတာကြောင့် ကိုယ့်အပေါ်စိတ်ရှိနေလို့ဟုသာ ဂျောင်ကုတွေးထားလိုက်တယ်...။ လိုရာဆွဲတွေးတာဆိုပေမဲ့ စိတ်ကျေနပ်စရာကောင်းတယ်မဟုတ်လား...။
အတွေးနဲ့အတူ အလုပ်လုပ်နေတဲ့ဂျောင်ကု ပိုပြီးတက်ကြွမြန်ဆန်နေခဲ့တယ်...။ ကုမ္မဏီကလည်း သူ့လက်ထဲရောက်မှ အရင်ကထက်ပိုအောင်မြင်လာတာကြောင့် ဖေဖေနဲ့ဖိုးဖိုးအတွက် ဂုဏ်ယူစရာဖြစ်လာခဲ့တယ်...။ အရင်က သိပ်မကြည်လင်တဲ့ ထယ်ယောင်းရဲ့အမေကတောင် ဂျောင်ကုကိုအပြစ်သိပ်မပြောတော့ပါ...။
"မန်နေးဂျင်း အခုအသစ်ဆောက်မဲ့ ကွန်ဒိုအတွက် ရင်းနှီးမြုပ်နှံမဲ့သူအသစ်တွေ ထပ်ရောက်လာပါတယ်"
"မန်နေဂျာကြီးနဲ့ ပြောခိုင်းလိုက်လေ"
"ဟုတ်ကဲ့"
သုတ်သုတ်ပျာပျာနဲ့ပြန်ထွက်သွားတဲ့ အတွင်းရေးမှူးက အနည်းငယ်တော့ အံ့ဩနေပုံပင်...။ အင်းပေါ့လေ ဂျောင်ကုက ဘယ်တော့မဆိုကိုယ်တိုင်လုပ်ရမှ ကျေနပ်တဲ့သူဆိုတော့ ခုလိုမန်နေဂျာနဲ့လွှဲတာကို အံ့ဩနေမှာပေါ့...။
တကယ်တော့ အလုပ်လောဘကြီးတဲ့ဂျောင်ကုက ထယ်ယောင်းကိုအချိန်ပေးချင်လို့သာ ခုလိုတွေစီစဉ်နေရတာပါ...။ အစပိုင်းမှာတော့ ကိုယ်တိုင်မလုပ်ရတော့ စိတ်တိုင်းမကျဖြစ်မိပေမဲ့ နောက်ပိုင်းကျတော့ အဆင်ပြေလာပါတယ်...။ ဝန်ထမ်းတွေကလည်း ဂျောင်ကုနောက်ကွယ်မှာဆိုရင်တောင် မဟုတ်တာမလုပ်ရဲကြဘူးကိုး...။
လုပ်လက်စအလုပ်တွေ လက်စသတ်ပြီးတော့ နာရီကိုကြည့်လိုက်တဲ့အခါ နေ့လည်စာစားချိန်နီးနေပြီမို့ ထယ်ယောင်းဆီသွားဖို့ပြင်လိုက်တော့တယ်...။ ရုံးခန်းထဲကထွက်လာတော့ လမ်းမှတွေ့သမျှဝန်ထမ်းတွေက သူ့ကိုတရိုတသေနဲ့ နှုတ်ဆက်ကြတယ်...။ ဂျောင်ကုကတော့ ထုံးစံအတိုင်း ခပ်တည်တည်နဲ့သာ...။
YOU ARE READING
Bad Blood (Completed)
FanfictionWhen the person you love can't see your love for them beneath the painful things you say when they reject you, remember this: "Love is blind." A TaeKook Fanfiction