Chapter 31

2.7K 147 8
                                    

(Unicode)

ညက ပင်ပန်းသွားတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့ပေမယ့် နိုး‌နေကျအချိန်မှာတော့ မျက်လုံးတွေကအကျင့်ပါစွာ နိုးထလို့လာရတယ်...။

အရင်ဆုံးသတိထားမိတာက သူ့ခန္ဓာကိုယ်လေးဟာ သက်တောင့်သက်သာနဲ့ ပွေ့ဖက်ခံထားရတာကိုပါ...။ အင်း... ဒီခံစားချက်ကို နွေးထွေးလွန်းတယ်လို့ ခေါင်းစဉ်တပ်ရမလား...။ သူ့ကိုပွေ့ဖက်ထားတဲ့သူကို မော့ကြည့်လိုက်တဲ့အခါ ယောင်္ကျားပီသချောမောလွန်းတဲ့မျက်နှာကို အနီးကပ်မြင်လိုက်ရတယ်...။

ဂျွန်ဂျောင်ကုက အများကြီးချောလာတာပဲ...။ အားကစားလိုက်စားတာကြောင့် ထယ်ယောင်းထက်လည်း ကိုယ်လုံးကိုယ်ထည်ပိုတောင့်တယ်...။ သူ့ရဲ့သန်မာတဲ့လက်မောင်းတွေကြားမှာ ထယ်ယောင်းကိုပွေ့ဖက်လာချိန်တိုင်း ထယ်ယောင်းမှာ အရုပ်လေးတစ်ရုပ်လို ပါသွားခဲ့ရတာ...။

သူ့‌အကြောင်းကိုတွေးရင်းနဲ့ ညကအဖြစ်အပျက်တွေပါ ခေါင်းထဲရောက်လာတာကြောင့် ထယ်ယောင်းအရှက်သည်းသွားရတယ်...။ သူက ထယ်ယောင်းအပေါ်မှာ ယောင်္ကျားဆန်စွာပြုမူသွားတာပဲ...။ ထယ်ယောင်းကိုယ်တိုင်ကလည်း သူ့ရဲ့အထိအတွေ့တွေမှာ သာယာသွားမိတယ်လေ...။

လက်မထပ်ခင်ကတည်းက သူက ထယ်ယောင်းရဲ့အားနည်းချက်ကို ကောင်းကောင်းသိနေခဲ့ပြီး သေချာကိုင်တွယ်နိုင်ခဲ့တယ်...။ ‌ဒါကြောင့် ထယ်ယောင်းရဲ့ခန္ဓာကိုယ်ကလည်း သူ့အထိအတွေ့တွေကို ဘယ်တော့မှမလွန်ဆန်နိုင်ခဲ့ပါ...။

တွေးရင်းတွေးရင်း ရှက်လာရတာကြောင့် ဖက်ထားတဲ့သူ့လက်တွေကိုဖယ်ချပြီး ထထိုင်ဖို့လုပ်ပေမယ့် ကိုယ်အောက်ပိုင်းက ဆစ်ခနဲနာကျင်သွားရတယ်...။ ပထမဆုံးအကြိမ်ကလောက် မဆိုးဝါးပေမယ့်လည်း ဂျောင်ကုရဲ့ကြီးမားတဲ့အရွယ်အစားကို အချိန်အတန်ကြာအောင် လက်ခံပေးထားရတာကြောင့် နာကျင်မှုကတော့ ရှိစမြဲပါပဲ...။

"ထယ်.. ထတော့မလို့လား...?? အစောကြီးရှိသေးတာကို.. ဒီနေ့အလုပ်သွားစရာလည်း မရှိပဲနဲ့"

သူက အိပ်ချင်မူးတူးဟန်နဲ့ ‌ထယ်ယောင်းကိုလှမ်းမေးလာတာကြောင့် ထယ်‌ယောင်းလည်း စောင်ကိုကိုယ်ပေါ်မှာပတ်ရင်း အတင်းလူးလဲထထိုင်ဖို့ကြိုးစားတယ်...။

Bad Blood (Completed)Where stories live. Discover now