这题超纲了
Zhe Ti Chao Gang LeUNICODE
ရှောက်ကျန့်။
ထိုအမည်နာမအား ရွှီရှိန့်တစ်နေ့လျှင် ခြောက်ခေါက်ထက်မနည်းကြားနေရသည်။
ဘာသာရပ်ဆရာတိုင်း အတန်းထဲဝင်လာတာနှင့် 'ဒီတစ်ခေါက်ဒုတိယနှစ်တစ်ခုလုံးရဲ့ အဆင့်(၁)ကဘယ်သူဖြစ်မလဲ မင်းတို့မှန်းကြည့်ကြစမ်း ၊ တော်ပြီ မှန်းဖို့ကိုမလိုတာ စိတ်ထဲထင့်နေစရာကိုမလိုဘူး ၊ ဒါပေမယ့်ပြောတာတော့ပြောရဦးမယ် ရှောက်ကျန့်က ဒီတစ်ခေါက်အဆင့်(၂)နဲ့ အမှတ်(၂၀)ကြီးတောင်ကွာတာ။"
ပြီးလျှင်တော့ ထိုအမှတ်အများဆုံးအဖြေလွှာအား မိတ္တူအစောင်သုံးဆယ်ကျော်လောက်ဆွဲပြီး ဝေပေးလာပါ၏။
"သူများရဲ့ ပုစ္ဆာကိုဖြေရှင်းတဲ့အဲ့တွေးခေါ်ပုံတွေကိုကြည့်ကြည့် ၊ မင်းတို့တွေထပ်ကြည့်ကြ။"
အစပိုင်းကတော့ ရွှီရှိန့်မှာ ဘယ်ရှောက်ဘယ်ကျန့်မှန်းပင်မသိသေး။ အဖြေလွှာအားရှေ့တန်းမှနောက်သို့လက်ဆင့်ကမ်းလာချိန်၌ လှမ်းယူလိုက်ပါသည်။ ဘေးနားဖြစ်သလိုချထားဖို့စိတ်ကူးရင်း အမှတ်မထင် မိတ္တူစာရွက်ပေါ်ကလက်ရေးများကိုတွေ့သွားခဲ့သည်။
သူကြည့်ချင်လွန်းလို့တော့မဟုတ် ၊ အဓိကကလက်ရေးတို့က လျစ်လျူရှုဖို့ရာခက်လှသောကြောင့်ပင်။
လက်ရေးလက်သားက ထင်းထွက်နေပြီး အနည်းငယ်စာလုံးဆက်၏ ၊ ရွှီရှိန့်ကိုယ်တိုင်လည်း 'လက်ရေးဆက်'ရေးသူဆိုပေမယ့် ဒီလက်ရေးဆက်ကတော့ ကြည့်တာနှင့်တော်တော်ကိုအရည်အချင်းရှိလွန်းလှသည်။ သူ့လိုဖြစ်ကတတ်ဆန်းရေးထားသည်နှင့်လည်းမတူ။
စပြီးအမွှမ်းတင်လာသည့် ကျောင်းသားတောင်ရှိလာ၏။
"ရွှယ်ရှိန်ရဲ့ဒီစာလုံးတွေက. . . . . . ကျွန်တော်ဆယ်နှစ်လောက်စာရေးလေ့ကျင့်တောင် ဒီလိုမျိုးဖြစ်အောင်မရေးနိုင်ဘူး ၊ ဒါလူကရေးထွက်လာတဲ့လက်ရေးရောဟုတ်ရဲ့လား။"
"စကားချွေတာစမ်း. ."
ဆရာကစကားပြောစဉ်တွင် ရွှီရှိန့်ကိုသာစိုက်ကြည့်နေလျက်။
YOU ARE READING
ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)
Fantasyရှောက်ကျန့် x ရွှီရှန့် ကျန့်ဝူပုရှန့်