这题超纲了
ZTCGLUNICODE
လူသုံးယောက်သား မျက်နှာချင်းဆိုင်ရှိနေကြရင်း မည်သူကမှစကားမဆိုဖြစ်။
ရှောက်ကျန့်၏ပုံစံက စောစောလေးကမှအိပ်ရာနိုးမှန်းသိသာ၏ ၊ မျက်ဝန်းတို့မှေးကျဉ်းကာ လက်တစ်ဖက်ကကုတ်ပိုးကိုကိုင်ထားပြီး ကျန်တစ်ဖက်ကိုတော့တံခါးလက်ကိုင်ပေါ်တင်ထားလျက်။ ရာသီဥတုက သိသိသာသာပူအိုက်နေပေမယ့် ထိုသူ့မျက်ဝန်းတို့ကတော့ နှင်းမုန်တိုင်းထန်နေပုံရပြီး လူကိုချမ်းစိမ့်လို့သွားစေ၏။
ယခုထိုအေးစက်မှုထဲ၌ တခြားမတူတဲ့အရာတို့ပါရှိနေ၏။
ဥပမာအားဖြင့်. . . . ရှားရှားပါးပါးပင် ထိုသူ့ကိုယ်ထက်မှ စိတ်ရှုပ်ထွေးမှုနှင့် ကူကယ်ရာမဲ့မှုတို့ထွက်ပေါ်လို့။
တိတ်ဆိတ်မှုက ထူးဆန်းထိတ်လန့်ဖွယ်ဆက်လက်ဖြစ်တည်နေလျက်။
ရှောက်ကျန့်သည် မျက်နှာချင်းဆိုင်ရှိ လူနှစ်ယောက်၏အမူအရာများမှ စကားလုံးများကို ဖတ်နိုင်လုနီးပါးပင် ၊ ထန်ခိုင်၏မျက်နှာထက် စာတစ်ကြောင်းပေါ်နေ၏ - ကျန့်ကောနဲ့ ရှောက်ပါ့က ဘယ်လိုဖြစ်တာလဲ ၊ မနေ့ကကိစ္စက သေချာပေါက်အတည်ကြီးနေမယ် ၊ ဒါ. . . . . ဒါ ၊ ဒါကအတူတောင်နေနေပြီပေါ့လေ။
ဟုန်ကျွင့်က ပိုလိုအနည်းငယ်ရိုးရှင်းကာ သူသည်နှုတ်ဟလို့ ရေရွတ်နေမိသည် - ငါ့လခွမ်း ၊ ထိုးနှက်နိုင်ချက်။
ထို့နောက်မှာတော့ ထန်ခိုင်နှင့် ဟုန်ကျွင့်တို့နှစ်ဦးအကြည့်ချင်းဆုံကာ စိတ်ထဲမှနေ အသံမထွက်ဘဲအော်ဟစ်လိုက်မိသည် - ကျန့်ဝူပုရှန့် is real.
(T/N : 湛无不盛/ကျန့်ဝူပုရှန့် - 战无不胜 တိုက်ပွဲတိုင်းအောင်နိုင်တယ် အနိုင်မရတဲ့တိုက်ပွဲမရှိဘူး ဆိုတာကနေလာတာပါ အသံထွက်ချင်းဆင်လို့ ရှောက်ကျန့်ရွှီရှန့်တို့နာမည်အစားထိုးထားတာပါ ကျန့်မရှိရင်ရှန့်လည်းမရှိဆိုတဲ့အဓိပ္ပာယ်ပါ)
ရှောက်ကျန့်နှင့် ရွှီရှန့်နှစ်ယောက်လုံး တလွဲတွေဖြစ်ပြီးသည့်နောက် ရွေးချယ်မှုမည်သို့ဆက်ဖြစ်နေသည်အား အရေးမစိုက်ဘဲသာထားလိုက်သည်။ ဤသို့ဖြင့် လင်ကျန်းအမှတ်(၆)ရှိ ကျောင်းသားကျောင်းသူအားလုံး၏ စည်းလုံးညီညွှတ်စွာ ကြိုးပမ်းအားထုတ်မှုဖြင့် ရွှယ်ရှိန်နှင့် ရှောက်ပါ့မှာဆို CPနာမည်ပင်ရှိလို့လာလျက်။
YOU ARE READING
ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)
Fantasyရှောက်ကျန့် x ရွှီရှန့် ကျန့်ဝူပုရှန့်