这题超纲了
ZTCGLUNICODE
ဒီအချိန်ရုံးခန်းထဲတွင် လူအများအပြားရှိနေကာအလံတင်အခမ်းအနားအပြီး၌ အိမ်စာတွေထပ်ဖို့ ရုံးခန်းကိုရောက်လာကြသည့်ဘာသာရပ်ကိုယ်စားလှယ်များနှင့်ဖြစ်သည်။ သို့တိုင်ပူပြင်းတဲ့နွေရာသီမှာ ရုတ်တရက် လေအေးတွေ ထွက်လာသလိုမျိုး ထိုအသံကိုကြားလိုက်ရသည့်အခါ လျစ်လျူရှုဖို့ ခက်လှ၏။
လျစ်လျူရှုရန်ခက်ခဲပြီး ရင်းနှီးသောအသံပင်ဖြစ်သဖြင့် ရွှီရှန့်သည် ဟင်းရွက်စျေးကဲ့သို့ဆူညံနေသော ဤအရပ်တွင် "ရောက်ပြီ" ဟူသော စကားလုံးအား အလွန်ရှင်းလင်းစွာကြားလိုက်ရပါသည်။
"မင်းလာတာနဲ့အတော်ပဲ. ."
မုန့်ကော်ဝေက ရေခွက်ကိုချကာ
"အိမ်စာတွေကောက်တာ အကုန်စုံပြီလား?"
"တစ်ယောက်လျော့တယ်။"
ရွှီရှန့်သည် ပေါ့ပေါ့တန်တန် မျက်လွှာချလိုက်ခိုက် မီးခိုးပြာရောင်ကျောင်းဝတ်စုံအနားစကို ဦးစွာတွေ့လိုက်ပြီးနောက် သူ့ဘေးနားရှိလူက အိမ်စာတွေကို စားပွဲပေါ်တင်လိုက်သည်ကိုမြင်လိုက်ရသည်။ သို့ဖြင့်အကြည့်တို့ကို အထက်သို့နှစ်လက်မထပ်ရွေ့မိရာ လက်ဆစ်တို့ထင်းနေသည့်လက်တစ်ဖက်က မျက်စိရှေ့ရောက်လာ၏။
လက်ကောက်ဝတ်ကအရိုးဖုလေးက ထင်းထွက်နေပြီး လက်ချောင်းတွေက အတော်လေးရှည်သွယ်၏။
မုန့်ကော်ဝေမှာ ဘယ်သူကျန်တာလဲလို့ မေးချင်ပေမယ့် စောနကမှသုံးသပ်ချက်ရွတ်ဖတ်သည့်စင်မြင့်ပေါ်က ဆင်းလာသည့် သူ့ဘေးနားက တစ်ယောက်ကို တွေ့တဲ့အခါမှာတော့ မေးခွန်းမေးစရာ မလိုဘူးလို့ သဘောပေါက်သွားပြီး ပြောလိုက်ပါသည်။
"မင်းမနေ့က ခွင့်တိုင်ထားတော့ အတန်းထဲက လူတွေနဲ့ သိပ်ရင်းနှီးဦးမှာမဟုတ်ဘူး ၊ အိမ်စာမထပ်ရသေးတဲ့လူကလည်း ဒီရောက်နေတာဆိုတော့ မင်းတို့. . . . . . တစ်ယောက်နဲ့တစ်ယောက်သိကျွမ်းလိုက်ကြ ၊ နောက်ဆိုအိမ်စာကောက်ရင်အဆင်ပြေတာပေါ့။"
"ကျွန်တော်က ဘယ်တုန်းကမှအိပ်စာမထပ်ဘူး ၊ ဘယ်နားသွား အဆင်ပြေမှာလဲ။"

YOU ARE READING
ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)
Fantasyရှောက်ကျန့် x ရွှီရှန့် ကျန့်ဝူပုရှန့်