这题超纲了
ZTCGLUNICODE
ဟုန်ကျွင့်တို့တစ်စုလည်း အဆောင်နေကြ၏ ၊ တန်းခွဲ(7)၌အဆောင်နေကျောင်းသားဦးရေ အချိုးကျကလည်းမနည်းလှ ၊ အကုန်ပေါင်းလိုက်လျှင်ဆယ်ယောက်ခန့်ရှိသည်။ သဘောတရားအရ အဆောင်နေကျောင်းသားများ ညစာစားပြီးနောက်တွင် ညပိုင်းကိုယ်ပိုင်စာလေ့လာချိန်အတန်းသွားရောက်တက်ရမည်ပေ။
မုန့်ကော်ဝေကလည်း အလေးထားပြောလာ၏။
"စနေတနင်္ဂနွေပိတ်ရက်ရောက်တာကို အားလပ်ရက်ရပြီလို့ မထင်လိုက်ကြနဲ့ ၊ ဆရာတို့အခုက အရမ်းအရေးကြီးတဲ့အချိန် ၊ အထက်တန်းဒုတိယနှစ်ဆိုတာ ရှေ့နဲ့နောက်ကိုချိတ်ဆက်ထားတဲ့အဆင့်တစ်ခု ၊ တတိယနှစ်မှာ သင်ခန်းစာပြန်နွှေးတာတွေရှိဦးမှာပဲဆိုပြီး အပျင်းထူနေဖို့လုံးဝမတွေးလိုက်နဲ့. . ."
ကျောင်းသားများက လေးတွဲ့စွာပြန်ဖြေလာကြ၏။
"သိပါပြီ။"
ရွှီရှန့် ဘောပင်လှည့်နေရင်း 'ရှောက်ကျန့်ကို စာလုပ်တဲ့စီအာရုံစိုက်စေဖို့' မိမိငြိမ်ငြိမ်နေရမည်ဆိုသည့် မြင့်မြတ်သည့်တာဝန်ကိုယူထားရကြောင်း မှတ်မိပါသေးသည်။ အနောက်ပေါက်မှပေါ်ထွက်လာသည့် ခြေသံဝိုးတဝါးကိုကြားမိရ၏ ၊ ထိုခြေလှမ်းတို့က တစ်လှမ်းတစ်လှမ်း လှမ်းတာနှေးကွေးလွန်း၏ ၊ သူခေါင်းလှည့်ကြည့်မိရာ—- —- ထင်သည့်အတိုင်း ခြေသံဖွဖွလေးဖြင့် အနောက်ပေါက်မှခိုးဝင်ဖို့ပြင်နေလေသည့် ကျန်းဖုန်းပင်။
ကျန်းဖုန်း သူတို့အတန်းကျောင်းဆင်းမဆင်းကို မသိသေး၍ ရွှီရှန့်စီလာပြီး ခဏလောက်စကားပြောချင်တာကြောင့် လုပ်ရပ်တို့က အလွန်မှအရှက်အကြောက်ကင်းမဲ့နေလျက်။
ကျန်းဖုန်းမှာ သတိထားလျက်အနောက်ပြတင်းပေါက်မှ ခေါင်းတစ်ဝက်လောက်ပြူထွက်ခိုက်မှာပဲ ရွှီရှန့်က မျက်လုံးထက်လက်ကပိုသွက်ကာ ရှောက်ကျန့်လက်ထဲက မေးခွန်းလွှာနှင့်ဘောပင်ကိုဆွဲလုဖို့ လုပ်လိုက်တော့သည်။
"ဘော့စ်!"
ထိုအဖြစ်အပျက်ဟာ နှစ်စက္ကန့်အတွင်းမှာပဲ ဖြစ်ပွါးသွားခြင်း။ အပြင်ဘက်သို့ဆွဲယူနေမှုကြောင့် ရှောက်ကျန့်၏စာရွက်ထက်က ရေးမှတ်နေမှုမှာ စင်တီမီတာအနည်းငယ်ဆွဲခြစ်မိသွားရလျက် ၊ သူသည်မော့ကြည့်ကာ ဘာလုပ်ချင်နေတာလဲဟု ရွှီရှန့်အား မေးပစ်ချင်မိသွားရသည်။
YOU ARE READING
ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)
Fantasyရှောက်ကျန့် x ရွှီရှန့် ကျန့်ဝူပုရှန့်