这题超纲了
ZTCGLUNICODE
ရှောက်ကျန့်ကိုယ်ထက်၌ ခိုက်ရန်ဖြစ်ထားသည့်ဘာဒဏ်ရာဒဏ်ချက်မှရှိမနေ ၊ အလင်းရောင်နှင့် အရိပ်တို့ ရွေ့လျားလာသည်နှင့်အမျှ ကော်ရစ်တာရှိအလင်းရောင်သည် ယိမ်းထိုးလှုပ်ခတ်သွားခဲ့၏ ၊ လူငယ်သည် မြေပြင်ပေါ်တွင်လဲကျနေသော လူအနည်းငယ်ဆီသို့ ဖြည်းညှင်းစွာလျှောက်လှမ်းရောက်ရှိလာသည်။
မြေပြင်ပေါ်ရှိ လူများမှာ ဝမ်းဗိုက်ကိုဆုပ်ကိုင်
ထားရင်း 'အိုင်းယိုး' ဟူသောအသံများမပြတ်ထွက်နေလျက်။ရှောက်ကျန့်က အနည်းငယ်လှည့်လာကာမှ ရွှီရှန့်လည်း 'မိမိ'ကိုယ်ထက်ဘာဒဏ်ရာမှမရှိတာမဟုတ်မှန်း တွေ့လိုက်၏ ၊ သို့တိုင်သေးသေးမွှားမွှားသာ ၊ တစ်ဖက်ကကိုင်ထားသည့် 'ရာဇဝတ်မြောက်သည့်လက်နက်'ကြောင့် နှုတ်ခမ်းထောင့်တွင် အနည်းငယ်ခြစ်မိသွားခဲ့ခြင်း။
ထိုမြင်ကွင်း။
ထိုမီးအလင်းရောင်။
ထိုလူဆိုးခေါင်းဆောင်နှင့်တူသော ဇာတ်သိမ်းမျိုး။
လုံးဝကိုမှ 'ဆိုးသွမ်းလူငယ် ၊ အုပ်စုဖွဲ့ရန်ပွဲနွှဲခြင်း'ဆိုသည့်စကားလုံးများကို လွန်ကဲစွာဖြင့်မီးမောင်းထိုး ပြသနေလျက်။
ရှောက်ကျန့်မှ ထိုသို့တစ်ချက်လှုပ်လာသည်နှင့် ကျန်သူများလည်းလိုက်ပါအသိပြန်ကပ်လာကြသည်။
ကျန်းဖုန်းလည်း လက်ထဲကအမွေးပြောင်နေသည့်တံမြက်စည်းကိုချထားလိုက်တော့သည် ၊ စိတ်အားထက်သန်မှုတို့ လျော့နည်းသွားပြီးနောက် မိမိဒီပုံစံက တကယ်ကိုကျရှုံးတာပဲဟုခံစားလာရသည် ၊ အထူးသဖြင့် သူ့ရှေ့ကလူရဲ့ အရှိန်အဝါနှင့် ဖိနှိပ်မှုအောက်မှာ သူ့အပြုအမူက ပိုလို့တောင် ရှက်စရာကောင်းပုံရနေ၏ ၊ သူသည်ကြောင်တောင်တောင်ဖြင့် မေးလိုက်မိရသည်။
"ချ ၊ ချပြီးပြီပေါ့?"
ကျန်းဖုန်း : "မြန်လိုက်တာ ၊ အစကနေ အဆုံးဘယ်နှစ်မိနစ်မှတောင်မကြာလိုက်ဘူး. . ."
ဒါကကောလာဟလတွေထဲကနဲ့ တစ်ပုံစံတည်းပဲ!
ကြည့်ရတာ ကောလာဟလဆိုတာတွေကလည်း တစ်ခါတစ်ရံကြ ယုံလို့ရတာပဲ!
YOU ARE READING
ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)
Fantasyရှောက်ကျန့် x ရွှီရှန့် ကျန့်ဝူပုရှန့်