这题超纲了
ZTCGLUNICODE
ဤမျှသေးငယ်သောအမှားအား ရွှီရှန့်မပြုလုပ်ခဲ့မိ၍တော်သေး၏ ၊ မုန့်ကော်ဝေက နှစ်ယောက်လုံး၏စာရွက်ကိုကိုင်ကာ နောက်တန်းစီသို့လျှောက်လို့လာပြီး အရင်ဆုံးရွှီရှန့်၏ပုခုံးအား ဂုဏ်ယူစွာဖြင့်ပုတ်လာကာ. .
"ရှောက်ကျန့် ၊ မင်းဒီတစ်ခေါက် ဥာဏ်စမ်းမေးခွန်းလွှာဖြေထားတာ သိပ်ကိုကောင်းတယ် ၊ အထူးသဖြင့်နောက်ဆုံးအပုဒ်ပဲ ၊ တစ်တန်းလုံးမှာ မင်းတစ်ယောက်ပဲဖြေတာမှန်တာ ၊ အထူးဂုဏ်ပြုအပ်ပါပေတယ်။"
လက်စသတ်တော့ ထူးချွန်ကျောင်းသားကို လာချီးမွမ်းတာပဲကိုး။
ရွှီရှန့်နှင့်ရှောက်ကျန့် နှစ်ဦးသားပြိုင်တူသက်ပြင်းချမိကြလျက်။
သို့သော်ငြား နောက်တစ်စက္ကန့်မှာပဲ မုန့်ကော်ဝေက ရှောက်ကျန့်ဘက်သို့လှည့်ကာ လေသံကလည်းလိုက်ပါပြောင်းသွားလျက် စိတ်ပျက်လက်ပျက်ဆိုလာချေ၏။
"ရွှီရှန့် မင်းပြောစမ်းပါဦး ၊ တစ်နေကုန်ရှောက်ကျန့်ဘေးမှာထိုင်နေပြီး မင်းအကျိုးရှိတာတွေနည်းနည်းမှကိုမယူတတ်ဘူးပဲ။"
ရှောက်ကျန့် : ". . . . . ."
မုန့်ကော်ဝေမှာ ဒေါသတကြီးဖြင့် မေးခွန်းစာရွက်အားစားပွဲပေါ်ရိုက်ချကာ. .
"မင်းရေးထားတဲ့ ဒီအပုဒ်ကိုမင်းကြည့်ဦး ၊ ဒီဟာက အမှတ်အလကားပေးတဲ့အလွယ်ဆုံးအပုဒ် ၊ တစ်တန်းလုံးဖြေတာအကုန်မှန်တယ် ၊ မင်းတစ်ယောက်ပဲမှားတာ!"
မုန့်ကော်ဝေ ဒေါသအထွက်ဆုံးက ထိုအမှတ်အလကားရသည့်အပုဒ်မဟုတ်ရ။
"မင်းက ဟဲမ်လက်ကိုလည်းသိတာပဲနော် ၊ ငါမင်းကိုမေးပါဦးမယ် မင်းဘယ်လိုများတွေးလိုက်တာတုန်း။"
ဟဲမ်လက်(Hamlet)ဆိုတာက ဘာတုန်း။
ထိုမေးခွန်းလွှာ၏အစမှအဆုံးထိတိုင် ရှိတ်စပီးယားအကြောင်းမှမပါတဲ့ဟာ ဘယ်ကဟဲမ်လက်ကရောက်လာတာလဲ။
ရှေ့တစ်ခေါက်တရုတ်စာအချိန်တုန်းက ရွှီရှန့်တစ်ယောက် စာရေးစားပွဲထက်မှောက်ကာ မျက်ဝန်းတို့မှေးကျဉ်းလျက် ဘောပင်လှည့်ရင်းမေးခွန်းတွေအား ဘာတွေများရေးဖြေနေသလဲကိုဖြင့် ရှောက်ကျန့်အာရုံမစိုက်မိခဲ့။

YOU ARE READING
ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)
Fantasyရှောက်ကျန့် x ရွှီရှန့် ကျန့်ဝူပုရှန့်