这题超纲了
ZTCGLUNICODE
ရွှီရှန့်၏ဒီတစ်ပွဲက နိုင်တော့မည်မို့ အကုန်လုံးအသက်အောင့်ကာ အာရုံစူးစိုက်နေကြလျက် ၊ အထူးသဖြင့် ရွှီရှန့်နှင့်တစ်ဖွဲ့တည်းသားတွေဖြစ်သောသူများမှာဆို ဖုန်းကိုကိုင်ထားရင်းအသက်ပင်မရှူရဲကြ။
"နောက်ဆုံးတစ်ယောက်ပဲကျန်တော့တယ်. . ."
"သူကမျက်နှာချင်းဆိုင်မှာလား?"
"ဒီGame of Kingပြိုင်ပွဲက ကြေးအဆင့်ကြနေရော နည်းနည်းမှကိုမခက်တာ ၊ ဒါမှမဟုတ် နောက်တစ်ပွဲကြရင် ပြိုင်ကွင်းစီခုန်ကျော်မလား။"
"ခဏလေး. ."
ပတ်ပတ်လည်တွင် လူတွေများကာ ရွှီရှန့်ကနောက်သို့ကျောမှီချလျက်. .
"ငါဗုံးပစ်လိုက်ဦးမယ်။"
သူသည်ဆိုရင်းမှ အကွာအဝေးကို စပြီး စမ်းသပ်ကြည့်ကာ စောစောကလျှောက်ပြောထားသည့်parabolaမျဉ်းကွေးတစ်ကြောင်းက အနီရောင်လင်းလက်လာ၏။ နောက်တစ်စက္ကန့်မှာပဲ တစ်ခုခုကနဖူးကိုလာရောက်ထိ၏—- —- နောက်ထပ်တစ်စက္ကန့်ကြာပြီးသွားမှ ထိုအရာကရှောက်ကျန့်၏လက်ဖြစ်မှန်းသိလိုက်ရလျက်။
ရှောက်ကျန့်က လက်ချောင်းကိုကွေးကာ ပြူထွက်နေသည့်လက်ဆစ်က သူ့နဖူးကိုထိထားပြီး မပြင်းမပျော့အားဖြင့်သူ့နဖူးကိုတစ်ချက်တောက်လာသည်။
"ထ။"
လူငယ်၏အသံက အေးစက်နေ၏။
ရွှီရှန့်မော့ကြည့်မိရာ 'မိမိ'ဖြစ်သူက စားပွဲဘေးရပ်လျက် မျက်နှာထားကအသံထက်ပင်ပိုလို့အေးစက်နေချေသည်။ သူသည်အတွန့်တက်ကာ စမ်းမေးကြည့်လိုက်ပါသည်။
"ငါချပြီးတော့မှာ ၊ ဒီတစ်ပွဲပြီးတဲ့ထိစောင့်ပါလား?"
တစ်ဖက်လူ၏ မျက်နှာအမူအရာကမကောင်းစဲ။
ရွှီရှန့် တစ်ခွန်းထပ်ဖြည့်ပြောလိုက်ပါသည်။
"ဒါမှမဟုတ် နောက်တစ်ပွဲကြအတူတူဆော့မလား?"
ဘာကို ပင်ကိုစရိုက်ကိုမဖျက်စီးရဘူးလဲ ၊ အစတုန်းကထားခဲ့တဲ့ဂတိတွေ ရွှီရှန့်စီကနေ အစောကတည်းကိုက ဟိုအဝေးကိုလွှင့်ပစ်ခံလိုက်ရပြီ။

YOU ARE READING
ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)
Fantasyရှောက်ကျန့် x ရွှီရှန့် ကျန့်ဝူပုရှန့်