749 95 13
                                    

这题超纲了
ZTCGL


UNICODE


ရှောက်ကျန့်ရဲ့ ထိုစကားပြောအပြီးမှာပဲ အတန်းထဲရှိဆွေးနွေးနေကြသံများ ရုတ်ခြည်းရပ်တန့်သွားတော့၏။

စာသင်ခန်းမှာ အသက်မရှိတော့သလိုတိတ်ဆိတ်ကျသွားခဲ့တော့သည်။

တန်းခွဲ(7)မှကျောင်းသားများ အတန်းခွဲသည့်စာရင်းကိုသိရှိပြီးနောက်တွင် ဆရာတစ်ဦးမှမရှိသေးသော အတန်းGroupတစ်ခုကို အမြန်ဖွဲ့စည်းလိုက်ကြတော့သည်။ Groupကို တည်ထောင်ရခြင်း၏ မူလရည်ရွယ်ချက်မှာ ရဲဘော်ရဲဘက်များနှင့်အတူ ငိုချင်းချနိုင်သည့်နေရာတစ်ခု ထားရှိရန်နှင့် မိမိတို့၏ ဆိုးရွားလှသော အထက်တန်းဒုတိယနှစ်ဘဝကိုကြိုပြီး စောင့်မျှော်ကာ အချင်းချင်း သန်မာစွာနေထိုင်ရန် တိုက်တွန်းကြဖို့အတွက်ဖြစ်၏။

Groupထဲ၌ ဆရာနှင့်ရှောက်ပါ့တို့မရှိသည့်အပြင် ရွှယ်ရှိန်သည်လည်းမရှိ။ ရွှယ်ရှိန် groupထဲတွင်မရှိဟူသောအချက်မှာ Idolဖြစ်သူကိုလုံးဝလေးစားသမှုမရှိသယောင်ဖြစ်နေ၏ ၊ တကယ်တမ်းက friendသွားaddဖို့ကို ကသိကအောက်ဖြစ်အားနာနေမိကြခြင်း ၊ ဒါ့အပြင် ရှောက်ကျန့်ကခွင့်ယူထားခြင်းနှင့် အထက်တန်းပထမနှစ်တုန်းက ရှောက်ကျန့်နှင့် တစ်တန်းတည်းနေသူများကလည်း သူကအတန်းgroup chatကိုဆိုမကြည့်ဘူးဟု ပြောထားခြင်းကြောင့်လည်းပါ၏။

မမျှော်လင့်ဘဲ ဤသည်က သူတို့ကို အတင်းပြောရန် အခွင့်အရေးဖန်တီးပေးသလို ဖြစ်လို့သွားတော့လျက်။

ဒီထူးဆန်းသည့် တိတ်ဆိတ်နေမှုအတွင်း အတန်းGroupထဲ တစ်ယောက်ယောက်က ပထမဆုံး စကားစဆိုလိုက်ပါသည်။

[အတန်းဖော်A] : ဝိုး။

[အတန်းဖော်B] : ဟိုဟာ သူတို့နှစ်ယောက်က ဘာဖြစ်နေတာလဲ ၊ ကြည့်ရတာမူမမှန်သလိုပဲ?

[အတန်းဖော်C] : ငါသတင်းရထားတာရှိတယ် ၊ အာမတော့မခံဘူး ၊ ပြောသံကြားတာတော့ ရှောက်ပါ့နံရံကျော်တာ ဖမ်းမိသွားတယ်တဲ့ ၊ ရွှယ်ရှိန်စီကအဖမ်းခံရတာတဲ့။

[အတန်းဖော်A] : အံ့ဩစရာပဲ ၊ မင်းအဲ့သတင်းဘယ်ကရတာလဲ?

[အတန်းဖော်C] : အဆောင်မှူးက ငါ့အတန်းဖော်တစ်ယောက်ရဲ့ ဝမ်းကွဲညီရဲ့ ဒုတိယဦးလေးလေ ၊ ငါသူ့စီကနေ ကြားလာတာ ဆက်စပ်မှုကအလှမ်းနည်းနည်းဝေးပေမယ့် ယုံလို့ရနိုင်ခြေကတော့ရှိတယ်။

ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)Where stories live. Discover now