၁၂

515 72 3
                                    

这题超纲了
ZTCGL


UNICODE


'မိမိကိုယ်တိုင်'နှင့်မျက်နှာချင်းဆိုင်နေရသည့်ခံစားချက်က အတော်လေးတမူထူး၏ ၊ ရွှီရှန့်မှာ အိပ်ချင်မူးတူးဖြစ်နေ၍ တဒင်္ဂကြာမျှအိပ်မက်ထဲမှာပဲဟုသာတွေးထင်မိလိုက်သည် ၊ တစ်ခဏကြာသွားပြီးပါမှ ဒါကသူနှင့်ရှောက်ကျန့် ကြုံတွေ့နေရသည့် အိပ်မက်ထက်တောင်ပိုလို့ဆန်ပြားသည့်လက်တွေ့မှန်း သတိပြန်ရလာခဲ့လျက်။

ရှောက်ကျန့်ကတော့ သူ့ထက်နိုးတာစော၍ ဒီနေ့လည်းမိမိက 'ရွှီရှန့်'ပဲဆိုသည့်အမှန်တရားကို အရင်ဦးစွာလက်ခံပြီးဖြစ်၍ လွယ်အိတ်အားကမ်းပေးလိုက်ပါသည်။

"ရုံးခန်းသွားပြီး အိမ်စာအပ်လိုက်ဦး။"

သူကပုံမှန်ဆို အဆောင်ခန်းသို့လွယ်အိတ်သယ်မလာတတ် ၊ ဘာသာရပ်အသီးသီးမှ ဆရာများထားခဲ့သော အိမ်စာများအား ကြားအတန်းချိန်တွေမှာပဲ အပြီးရေးပြီးဖြစ်၏ ၊ သို့သော်ငြား ယခုအခါမှာတော့ စာသင်ချိန်အတွင်း လုပ်ရန် အဆင်မပြေတော့ပေ။

ရွှီရှန့်လှမ်းယူလိုက်ကာ လက်ထဲတွင်ကိုင်ထားရင်း မနက်ခင်းကိုယ်ပိုင်စာလေ့လာချိန်၌ မိမိဘာတွေလုပ်လေ့ရှိသည်ကိုတွေးတောရင်း အားကျသောစိတ်ဖြင့် ပြောလိုက်ပါသည်။

"မင်းပြန်ပြီးတစ်ရေးအိပ်လို့ရတယ် ၊ တခြားလူတွေလေ့ကျင့်ခန်းထွက်လုပ်ပြီးသွားကာမှ အတန်းထဲလာခဲ့ ၊ ငါကမနက်ပိုင်းကိုယ်ပိုင်စာလေ့လာချိန်ဆိုသိပ်မတက်ဘူး။"

ရွှီရှန့်၏မနက်ပိုင်းကိုယ်ပိုင်စာလေ့လာချိန်ကိုတက်ရောက်သည့် အကြိမ်ရေကမများ ၊ တစ်ပတ်ကို သုံးရက်တက်နိုင်ရင်ကို နေကအနောက်ကနေများထွက်လာတာလားဟု ဆရာတွေတွေးလာကြပေမည်။

မနက်ခင်းတိုင်းဆက်တိုက်သွားတက်ပါက သူ့ပုံမှန်အလေ့အကျင့်နှင့်မကိုက်ညီတော့ပေ။

ရှောက်ကျန့်က ခဏကြာနှုတ်ဆိတ်နေပြီးမှ တစ်ရေးအိပ်ဆိုသည့်စကားလမ်းကြောင်းကိုရှောင်ဖယ်ကာ. .

"လက်ရေးလှရေးထားတာယူလာခဲ့။"

ရွှီရှန့်သည် ကိုယ့်ဘာသာသွားစစ်ဆိုသည့်သဘော စားပွဲကိုသာထိုးပြလိုက်ပါ၏။

ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)Where stories live. Discover now