၂၀

380 55 4
                                    

这题超纲了
ZTCGL


UNICODE


မီးမှိတ်သွားပြီးနောက် အဆောင်ခန်းမှာလုံးဝအမှောင်ကျလို့သွားခဲ့ပြီး ဖုန်းစခရင်၏ အလင်းရောင်သာ ကျန်ရှိတော့သည်။ 'ရှောက်ကျန့်'၏ သူ့မူပိုင်အဖက်မလုပ်အေးစက်မှုတို့ကိုသာစစ်ချထားသလိုရှိသည့်အနှီမျက်နှာထက်အလင်းကျနေ၏ ၊ လူငယ်၏မျက်လုံးမျက်ခုံးများက စူးရှပြီး လူကိုဖိနှိပ်ချုပ်ချယ်သည့်ခံစားချက်တစ်မျိုးရှိနေလေသည်။ ထောင်ပေါင်းများစွာသောပရိသတ်တွေ ပထမနေရာအားမဲပေးခြင်းမှာ အကြောင်းအရင်းမရှိသည်မဟုတ်။

ဒါပေမယ့်ယခုတော့ ရွှီရှန့်တစ်ယောက် မဲပေးမည့်ကိစ္စစဉ်းစားဖို့ရာ စိတ်ကူးပင်မရှိတော့ ၊ ဘယ်သူပထမရရ အရေးမကြီးပါလေ ၊ သူစိတ်ထဲအပြည့်တည်ရှိနေသည်မှာဆို. .

သူ့ကိုကျောင်းပဲထွက်ခိုင်းလိုက်ပါ။

. . . . ဒီကျောင်းကြီးကနေထွက်သွားခိုင်းလိုက်ပါတော့။

မဟုတ်ဘူး ၊ သူ့ကိုသေသာခိုင်းလိုက်တော့။


သူ့ကိုယ်ပိုင်အချိန်များတွင်တော့ ရွှီရှန့်သည်ကျေင်းယူနီဖောင်းကိုမဝတ် ၊ ရှောက်ကျန့်စီကနေလည်း အဝတ်အစားအပိုတောင်းမနေတော့ပါ။ မိမိဗီရိုထဲကနေပဲ တွေ့ကရာတီရှပ်တစ်ထည်ကောက်စွပ်ထား၏ ၊ ရှောက်ကျန့်၏ခန္ဓာကိုယ်အချိုးအစားက သူနဲ့သိပ်မကွာလှ ၊ အင်္ကျီလည်းဆိုဒ်တူတူပင်ဖြစ်ကာ စင်တီမီတာအနည်းငယ်အရပ်ကွာခြားချက်မှာတော့ သက်ရောက်မှုသိပ်မရှိ။ အကယ်လို့သာ နေ့ခင်းပိုင်းရှိရှောက်ကျန့်က သူ့အရေခြုံကာသွားလာနေလျှင် 'ရှောက်ပါ့'အငွေ့အသက်ရောင်ဝါတို့ရှိနေသည်ဟုဆိုရလျှင်ဖြင့် ကျောင်းဝတ်စုံမဝတ်ထားသည့်ရှောက်ကျန့်ကိုယ်တိုင်မူကား ပိုလို့ပင်သက်ရောက်မှုအားပြင်းသည်။

ရွှီရှန့်ပထမဆုံးတစ်ခေါက်ရေးချိုးစဉ်ကဆို မျက်ဝန်းတို့ကိုမှိတ်ထားပြီး အဝတ်အစားတို့ဝတ်လိုက်၏ ၊ မှန်ကြည့်လိုက်မိချိန်မှာပဲ အတော်ကြာကြက်သေသေသွားခဲ့ရလျက်။ မှန်ထဲရှိလူရွယ်မှာ စံနှုန်းနှင့်ကိုက်ညီသည့်ကျောင်းဝတ်စုံ၏ဖိနှိပ်ထားခြင်းမှလွတ်ကင်းသွားပြီးနောက်တွင်တော့ ခန္ဓာကိုယ်အနှံ့အဆီးအတားမဲ့ထိန်းချုပ်မှုကင်းသည့်အငွေ့အသက်တို့လျှံထွက်လာကာ ပုံစံကလုံးဝကိုမှရှောက်ပါ့စစ်စစ်အသွင်မျိူး။


ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)Where stories live. Discover now