这题超纲了
ZTCGLUNICODE
လင်ကျန်းအမှတ်(၆)ရဲ့လပတ်စာမေးပွဲများသည် မူမမှန်ဆိုးရွားသည်ဟုနာမည်ကြီးကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၏စည်းမျဉ်းအတိုင်း တင်းကျပ်ထားလျက် ရှေ့တစ်ခေါက်စာမေးပွဲအောင်စာရင်းအဆင့်အရ စာမေးပွဲခန်းတွေပြောင်းလဲမည်ဖြစ်သည်။ လက်ကိုင်ဖုန်းကဲ့သို့သော အီလက်ထရွန်နစ်ပစ္စည်းများအားလုံးကို တင်းတင်းကျပ်ကျပ်စစ်ဆေးပြီး စာမေးပွဲခန်းအတွင်းသို့ ယူဆောင်ခွင့်မပြု။
မုန့်ကော်ဝေက အားလုံးအား 'လပတ်စာမေးပွဲ'နှင့်ခြိမ်းခြောက်လိုက်၍ ထိုတစ်ခွန်းအော်ပြောအပြီးမှာပဲ အတန်းကချက်ချင်းတိတ်ဆိတ်လို့သွားတော့၏။
ရွှယ်ရှိန်၏အကောင့်ဟက်ခ်ခံရသည့် ပြဿနာသည် ယခုအချိန်တွင်ယာယီရပ်တန့်သွားခဲ့ပြီဖြစ်သည်။
ရှောက်ကျန့်သည်ကား ဘေးတွင်အိပ်နေဟန်ဆောင်နေပြီး လက်တစ်ဖက်ကိုခေါင်းအုံးလို့ နောက်လက်တစ်ဖက်ကိုဖြင့် ရှေ့သို့ဆန့်ကာ စားပွဲအစွန်းတွင် လျော့ရဲစွာတွဲလောင်းချထားလျက်။ ဟူဒီဦးထုပ်မှာပွချောင်ချောင်ဖြစ်၍ ဦးထုပ်ကိုဆွဲချထားရာ ရှေ့သို့ကျနေသည့်ဆံစတချို့ကိုသာ မြင်တွေ့ရပြီး ရှည်သွယ်သွယ်ထင်ရှားပြတ်သားသောမျက်ခုံးမွေးစွန်းအား ဖုံးကွယ်နေလေ၏။
အနှီလူမှာ မျက်လုံးတောင်မဖွင့်ထားမှန်းအသိသာပေမယ့် ဘယ်ကလာမှန်းမသိရသည့် အန္တရာယ်ပြုမည့်အငွေ့အသက်တို့ကတော့ရှိနေစဲ။
သူအိပ်ဟန်ဆောင်နေရခြင်းအကြောင်းမှာ အတန်းဆင်းခါနီး၌ ရွှီရှန့်က သူ့ခေါင်းအားဖိချလာပြီး "ထွက်ရင်ထွက် မထွက်ရင်လဲအိပ်နေ ၊ ငါကအတန်းချိန်ဆို ဘယ်တော့မှစာမကြည့်ဘူး"ဟု ပြောလာခဲ့ခြင်းကြောင့်ပင်။
သူတို့နှစ်ဦးသည် အစောကတည်းက စာသေချာလိုက်လုပ်သည့်ဟန်ဆောင်မှုကိုလုပ်ယူထားပြီးဖြစ်ကာ ရွှီရှန့်၏အခုလိုလုပ်စေခြင်းကတော့ လူပုံအလယ်ပြစ်ဒဏ်ချမှတ်ခံရခြင်း၏ အရှက်ရမှုကို ဖုံးကွယ်ရန်တစိတ်တစ်ပိုင်းဖြစ်လျက်။
သူထင်မှတ်မထားသည်မှာတော့ ရှောက်ကျန့်က ငြင်းဆိုခြင်းမရှိ။
YOU ARE READING
ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)
Fantasyရှောက်ကျန့် x ရွှီရှန့် ကျန့်ဝူပုရှန့်