这题超纲了
ZTCGLUNICODE
တန်းခွဲ(7)၏ တရုတ်စာဆရာသည်ကား လောင်မုန့်ဖြစ်၏ ၊ မုန့်ကော်ဝေသည် လေ့ကျင့်ခန်းစာရွက်တစ်ထပ်လိုက်ကို သယ်လာပြီး စာရွက်တွေကိုစားပွဲပေါ်ချလိုက်ကာ. .
"အတန်းတက်နေပြီ ၊ သိမ်းစရာရှိတာတွေသိမ်းကြ။"
သူသည် အောက်သို့တစ်ချက်ဝေ့ကြည့်ပြီး နောက်ဆုံးအတန်း၌ ခေတ္တရပ်လို့သွား၏ ၊ ရွှီရှန့်နှင့် ရှောက်ကျန့်တို့နှစ်ယောက် အမှန်တကယ်ပင်ထိုင်ခုံနေရာလဲပြီးဖြစ်ကြောင်း တွေ့လိုက်ရပါသည်။
မုန့်ကော်ဝေ : "ဒီအတန်းချိန်ရဲ့အစီအစဉ်က ဒီလို ၊ အရင်အတန်းချိန်တုန်းက မပြီးသေးတဲ့ ရှေးကဗျာတွေကို အရင်ပြီးအောင်ရေးမယ် ၊ ပြီးရင်မင်းတို့တွေနားလည်ခံစားနိုင်အောင် ရှေးကဗျာတချို့ကိုလည်း ဆရာသေချာလေးပြင်ဆင်ထားသေးတယ် ၊ အချိန်ရရင်တော့ ဆရာတို့အတူတူဆွေးနွေးကြတာပေါ့. . ."
တရုတ်စာအချိန်ကား အမြဲငြီးငွေ့စရာကောင်း၏။
မုန့်ကော်ဝေမှာ အတန်းချိန်တွင် အထူးကိုတည်ကြည်လေးနက်လွန်းကာ အချိန်ကိုတန်ဖိုးထားလျက် အသိပညာပေးအချက်များကိုသာ ပြောတတ်လေသည်။ ရွှီရှန့်ကဲ့သို့သော စာညံ့သည့်ကျောင်းသားတစ်ဦးအတွက် ဆရာကစာသင်နေရာမှ တခြားအကြောင်းအရာစီရောက်လျက် ဟာသပြောနေမှသာ ခေတ္တအားရပါးရ နားထောင်နိုင်သောကြောင့် ယခုကဲ့သို့ အတန်းတက်ရခြင်းမှာ လုံးဝကိုညှဉ်းပန်းမှုပင်။
ပထမတော့ သူသည် မုန့်ကော်ဝေ၏ 'အကျဉ်းချုပ်'နှင့် 'အနုပညာနည်းပညာများ'အကြောင်းပြောသည်ကို နားထောင်ရန် အတင်းမျက်လုံးဖွင့်ထားခဲ့သော်လည်း နောက်ပိုင်းတွင်တော့ အခြားဘာကိုမှ ရှင်းရှင်းလင်းလင်း မကြားရတော့ပေ။
ရှောက်ကျန့်က လက်ချောင်းကိုကွေးကာ သူ့စားပွဲထက်တစ်ချက်ခေါက်လာပြီး သူ့ကိုနိုးကြားလာစေကာ သတိပေးလာပါ၏။
"စာနားထောင် ၊ မှတ်စုလိုက်မှတ်။"
ရွှီရှန့်ဆံပင်ကိုသပ်လိုက်ပြီး မျက်လုံးအားခက်ခက်ခဲခဲဖွင့်ကာ ငါဒီလောက်စိတ်ဆင်းရဲနေရတာ မင်းလည်းကောင်းကောင်းမနေရဘူးဆိုသည့် သဘောတရားအတိုင်း သူသည်ဖုန်းအား ဘောင်းဘီအိတ်ကပ်ထဲမှထုတ်လိုက်လျက် နည်းတူသတိပေးလိုက်ပါသည်။
YOU ARE READING
ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)
Fantasyရှောက်ကျန့် x ရွှီရှန့် ကျန့်ဝူပုရှန့်