၁၁

515 65 5
                                    

这题超纲了
ZTCGL


UNICODE


ရွှီရှန့်အိတ်အား လက်တစ်ဖက်တည်းဖြင့်ဆွဲကာ တစ်ဖက်ကတော့ အနောက်ကစာအုပ်များကိုလှန်လှောလိုက်သည် - 《လေ့ကျင့်လို့မရတဲ့ လက်ရေးဆိုတာမရှိ : ရှင်ခိုင်၏အမြန်သင်တန်း》 ၊ 《စာလုံးဆိုတာလူနှင့်တူ၏ : ဟွာရှဝမ့်ကျွမ့်ဖောင်တိန်လက်ရေးလှရေးငါးအုပ်တွဲ》

. . . . . .

အကုန်လုံး လက်ရေးလှရေးစာအုပ်များ။

ရွှီရှန့် ဆက်လက်လှန်မကြည့်နိုင်တော့။

ဤအိတ်၏အထူနှင့်အလေးချိန်အရ ရှောက်ကျန့်သည် ကနဦးအဆင့်မှအဆင့်မြင့်ဗားရှင်းအထိ ဖောင့်အမျိုးအစားအစုံအလင်ဖြင့် လက်ရေးလှစာအုပ်ဆယ်အုပ်ထက်မနည်းကို ဝယ်ယူခဲ့သည်။ စိတ်ကြိုက်ကို ရွေးချယ်လို့ရနှုန်းကမြင့်မားသည်။

ရှောက်ကျန့်က လက်ရေးလှစာအုပ်တွေအများကြီးဝယ်ထားလို့လားတော့မသိ အိတ်ထဲ၌စာအုပ်ဆိုင်မှလက်ဆောင်ပေးသည့် ဘောပင်တစ်ချောင်းတောင်ပါ၏။

ရွှီရှန့်မှာ မနည်းအောင့်အီးပြီးကျောင်းဆင်းချိန်သို့ရောက်လာနိုင်လျက် 'ရှောက်ကျန့်'ဆိုသည့်ကျိန်စာမှ တဒင်္ဂတော့လွတ်ပြီဟုအစကတွေးထင်ထားခဲ့ခြင်း ၊ ပြီးတော့မနက်ဖြန်မနက် အိပ်ရာက နိုးလာတဲ့အခါပြန်ပြောင်းသွားလောက်မည်ဆိုသည့် မျှော်လင့်ချက်ကလေးနှင့်။

"မင်းကအထူးတလည်ကို လက်ရေးလှရေးတာသွားဝယ်တာပေါ့ ၊ မင်းမေ. . ."

သူသည်ထိုအထိပြောအပြီး ရှောက်ကျန့်၏မည်သို့မှနွေးထွေးမှုမရှိသည့်အကြည့်အောက်၌ ဆဲမည့်စကားလုံးများကို ပြန်မျိုသိပ်လိုက်ရသည်သာ။

"မင်းဘာဖြစ်ရတာလဲ?"

ရှောက်ကျန့်အနေနှင့် လက်ရေးလှစာအုပ်ဝယ်ဖို့ စာအုပ်ဆိုင်သွားရတာက သူ့အတွက်တော့စမ်းသပ်မှုတစ်မျိုးလည်းဖြစ်သည်။

စာအုပ်ဆိုင်ထဲတွင် သင်ထောက်ကူပစ္စည်းများကို ရွေးနေကြသည့် ကျောင်းသားအများအပြားရှိ၏။ သူအထဲဝင်ရောက်လိုက်ပြီး ဆယ်စက္ကန့်ပင်မပြည့်သေး စာအုပ်ဆိုင်ပိုင်ရှင်အား ဆိုင်ထဲရှိလူအကုန်ကိုရှင်းထုတ်ပေးလိုက်သလိုဖြစ်ကာ တန်းကိုတစ်ဆိုင်လုံးကိုကိုယ်တစ်ယောက်ပဲငှါးထားသလိုဖြစ်သွားခဲ့လျက်။

ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)Where stories live. Discover now