这题超纲了
ZTCGLUNICODE
ဘဝ၏အတက်အကျများစွာနှင့်အကြိမ်ကြိမ်ကြုံတွေ့ရပြီး ထပ်ပေါင်းအနေနှင့် ဒီရက်ပိုင်းအနည်းငယ်အတွင်း အဖြစ်အပျက်တစ်ခုပြီးတစ်ခုဖြစ်ကာ အားပြင်းလွန်းသည့်ရိုလာကိုစတာကဲ့သို့သော အတွေ့အကြုံတို့ကြောင့် ရွှီရှန့်လည်း လိုက်လျောညီထွေနီးပါးဖြစ်နေပြီဖြစ်သည်။
ယခုဆိုရွှီရှန့်အဖို့ 'ရှောက်ကျန့်'အဖြစ်ဟန်ဆောင်သည့် ကိစ္စကပင် လွယ်ကူသယောင်ရှိလာ၏။
သူသည် အေးအေးဆေးဆေးပင် ဝေါဟာရလက်စွဲစာအုပ်အား နောက်တစ်မျက်နှာသို့လှန်လိုက်သည်။
ရှောက်ကျန့်က သူ့ထက်(၁၀)မိနစ်နောက်ကျပြီးမှ အတန်းထဲဝင်လို့လာသည်။
ထိုသူ အနောက်ပြတင်းပေါက်ကိုဖြတ်ကာ မျက်နှာပင်ပေါ်မလာသေး အတန်းထဲ၌တိတ်ဆိတ်ကျလို့သွားတော့၏ ၊ ရှေ့ခုံကသူမှာဆို ခေါင်းငုံ့ထားလျက် ဘာအတင်းအဖျင်းမှစိတ်မဝင်စားသည့် စာမှစာ စာလုပ်ဖို့ပဲသိသည့်ပုံစံဖြစ်လို့သွားကာ 'လေမရှိဘဲလှိုင်းမထနိုင်ဘူး'ဆိုသည့်ဆွေးနွေးပွဲလည်း အဆုံးသတ်လို့သွားလေပြီ။
ရှောက်ကျန့်က ထိုင်ခုံကိုဆွဲကာ ပထမဆုံးဆိုလာသည့်စကားကတော့. .
"အဲ့စာမျက်နှာ မင်းရှေ့ရက်ကပဲကျက်ပြီးသွားပြီ။"
ရွှီရှန့်သည် ဘောပင်ကိုလှည့်နေရင်းမှ အသံကြား၍ထိုသူ့အား တစ်ချက်လှည့်ကြည့်လိုက်ပြီး ဝေါဟာရလက်စွဲစာအုပ်ကိုပြန်လှန်ကာ ထပ်ခါထပ်ခါစစ်ကြည့်ပေမယ့် အဆုံး၌မှတ်မိခြင်းမရှိ။
"ငါကျက်ပြီးသွားပြီလား?"
ရှောက်ကျန့် လက်ဆန့်လိုက်ပြီး Blameဆိုသည့်စာလုံးထက်ထောက်ပြလိုက်သည်။
ရွှီရှန့် : "မဖြစ်နိုင်ဘူး ၊ ဒီစကားလုံးကို ငါတစ်ခါမှတောင်မမြင်ဖူးတာ။"
"Blame. ."
ရှောက်ကျန့်၏ အင်္ဂလိပ်အသံထွက်က အလွန်ကောင်းမွန်၏ ၊ အနည်းဆုံး ရွှီရှန့်အဖို့တော့ မိမိနှုတ်မှ ထွက်ပေါ်လာသည့်ထိုစံနှုန်းမျိုးကို တစ်ခါမျှမကြားဖူးခဲ့ပေ။ အဆုံးသတ်အသံက ရှင်းလင်းပြတ်သား၏ ၊ ထိုသူကလက်ပြန်ရုတ်သွားလျက် ကျောပြန်မှီကာ ဆိုလာ၏။

YOU ARE READING
ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)
Fantasyရှောက်ကျန့် x ရွှီရှန့် ကျန့်ဝူပုရှန့်