၁၉ ဒု

376 47 3
                                    

这题超纲了
ZTCGL


UNICODE

ရွှီရှန့်၏စိတ်ထဲ ဘာအတွေးမှမရှိတော့။

"မင်းတို့တွေဒီနေ့တစ်ယောက်ပြီးတစ်ယောက် ဘာလို့လူနားမလည်တဲ့စကားတွေလာပြောနေကြတာတုန်း ၊ လောင်မုန့်ရောပဲ ၊ ဟိုအဆင့်(၂)ကတော့ပြောမနေနဲ့ပိုဆိုး. ."

ရွှီရှန့် ရူးချင်သွားရ၏။

"ငါ့ကောင်မလေးဆိုတာကရော ဘယ်ကရောက်လာတာလဲ?"

ရှောက်ကျန့်၏စိတ်အခြေအနေမကောင်းမှုကလည်း သူ့ထက်မနည်းပါ။

"ကိုယ့်ကောင်မလေးကိုယ်တောင် မင်းကမသိဘူး?"

ရွှီရှန့် : "ငါကမင်းမေလူး ဘာသိရမှာလဲ!"

"ဆံပင်စုစည်းထားတယ် ၊ ခန့်မှန်းခြေအရပ်အမြင့်က165 ၊ ကျန်းဖုန်းနဲ့တစ်ခန်းထဲ. ."

ရှောက်ကျန့်က အဓိကကျသည့်အချက်တို့ကိုတစ်ဝက်ပြောပြလာရင်း သူ့ကိုသတိပေးလာ၏။

"မဆဲနဲ့။"

"ငလူး. ."

ရွှီရှန့်ဆိုလိုက်၏။

"ဟုတ်ပြီ မဆဲဘူး ၊ မင်းဆက်ပြော။ ကျန်းဖုန်းနဲ့တစ်ခန်းထဲ ပြီးတော့ရော။"

"ဆံပင်ရှေ့ဆံမြိတ်ချထားတယ်. ."

ဤကဲ့သို့သောအချိန်များတွင်သာ ရှောက်ကျန့်က ပုံမှန်ခံစားချက်များနှင့်အနည်းငယ်ကွဲပြားသည်။ မေးခွန်းလွှာတွေဖြေတာအပြင် ရွှီရှန့်လုပ်ထားသည့်အရှုပ်ထုပ်တွေကိုလည်း မဖြစ်မနေရင်ဆိုင်ရ၏။

"မင်းကြောင့်ပဲဆံပင်ညှပ်လိုက်တာ။"

". . . . . ."

ရွှီရှန့်၏ခေါင်းထဲ ရှုပ်ထွေးလို့သွားသည်။ ရှောက်ကျန့်ပြောလာသည့် အဓိကအချက်တွေအကုန်ကိုစုပေါင်းလိုက်ရာ စက္ကန့်အနည်းငယ်ဗလာကျင်းလျက်ရှိရာမှ သူပြောနေတာကဘယ်သူဖြစ်မှန်း သိလိုက်သည်။

ရွှီရှန့် : "ကျန်းထုံ?"

ရှောက်ကျန့်က ထိုသူ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားသည့်လက်ကိုလွှတ်လိုက်ရင်း. .

"ငါ့လာမမေးနဲ့ ငါမသိဘူး ၊ ဘယ်သူဆိုတာမင်းဘာသာမင်းပဲသေချာသိမှာပေါ့။"

ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)Where stories live. Discover now