这题超纲了
ZTCGLUNICODE
ခဏကြာမျှ တိတ်ဆိတ်ပြီးနောက်တွင် ရှောက်ကျန့်က ရှင်းပြရန်ကြိုးစားလိုက်သည်။
"တကယ်က. . . . . ." တကယ်က ဒီလိုပါ။
မုန့်ကော်ဝေက ထပ်မံစကားဖြတ်ကာ အသံကျယ်ကျယ်ဖြင့်ဆိုလာ၏။
"မင်းတို့ကို ပြောပြီးပြီးပဲ စိတ်သာချလို့! ငါ မုန့်ကော်ဝေဆိုတာက ကျောင်းသားတွေရဲ့ဆန္ဒကိုမလေးစားတဲ့ ဆရာမို့လို့လား? မင်းတို့က ငါ့ကိုဘယ်လိုလူလို့ထင်နေတာတုန်း!"
". . . . . ."
"မင်းတို့နှစ်ယောက်ကို အတူမထိုင်ခိုင်းဘူးလို့ပြောထားရင် ငါမင်းတို့နှစ်ယောက်ကို ထိုင်နေရာပြောင်းမပေးတော့မှာအသေအချာပဲ!"
မုန့်ကော်ဝေမှာ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့တွင်ရှိသောရည်မှန်းချက်တို့ မရှိတော့ပါချေ။ တစ်ယောက်ကတစ်ယောက်ကိုထိန်းမည့်အစီအစဉ်သည်လည်း ရွှီရှန့်နှင့်ရှောက်ကျန့်တို့က အစမှာတင် နှစ်ယောက်ပေါင်းလက်တွဲပြီး လည်မျိုညှစ်သတ်ပစ်လိုက်လေပြီ။
မနေ့က ဆရာတစ်ယောက်မှာ သူ့အစီအစဉ်အား အကောင်အထည်ဖော်နေတာ ဘယ်လိုရှိပြီလဲဟု စိတ်ပူပြီးမေးလာ၏။
"ခင်ဗျားအရင်တစ်ခေါက်စိတ်ကူးထားတဲ့ တစ်ယောက်ကတစ်ယောက်ကိုထိန်းမယ့်အစီအစဉ်က ဘယ်လိုနေလဲ?"
မုန့်ကော်ဝေ သက်ပြင်းသာချလိုက်ပြီး. .
"သိပ်အဆင်မပြေဘူး ၊ သူတို့နှစ်ယောက်က ဆန္ဒမရှိကြဘူးနဲ့တူပါတယ်။"
ဘေးခန်းကဆရာ : "ဟုတ်လား ၊ ကျုပ်အထင်တော့ ဒီအစီအစဉ်က အတော်လေးကောင်း. . ."
မုန့်ကော်ဝေက ခေါင်းခါယမ်းလိုက်ပြီး ထိုအကြောင်းကိုထပ်မပြောချင်တော့ပေ။
"အထူးသဖြင့်ရွှီရှန့်—- —- သူ့ကိုထုံကျောလေးပြောင်းခိုင်းတာကို သူ့အသက်ကိုယူတော့မယ့်အတိုင်းပဲ ၊ မသင့်လျော်ဘူးတွေပါလုပ်တာ ၊ ပြောလေယုတ္တိမရှိလေ နောက်ဆုံးကြ ဇွတ်အတင်းလုပ်ယူထားတဲ့ဖရဲသီးဆိုတဲ့စကားတွေပါ ပြောထွက်လာတာများ ၊ ခင်ဗျားပြောကြည့် ကျုပ်ဒါကအတင်းလုပ်ယူတယ်ဖြစ်လား ၊ ကျုပ်က သူတို့နဲ့တိုင်ပင်ရုံလေးတင်ကို။"

YOU ARE READING
ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)
Fantasyရှောက်ကျန့် x ရွှီရှန့် ကျန့်ဝူပုရှန့်