这题超纲了
ZTCGLUNICODE
ရွှီရှန့်၏အဆောင်ခန်းထဲတွင် ဘာဆိုဘာမှမရှိ ၊ A4စာရွက်တွေကတော့ တစ်ပုံလိုက်ကြီးရှိကာ အကုန်လုံးက သုံးသပ်ချက်စာတမ်းရေးဖို့အတွက်ဖြစ်သည်။ ကုယန်ဝမ်မှာဆို တစ်ကြိမ်ထက်မနည်းညည်းတွားမိသည်မှာ ထိုသူသာ သုံးသပ်ချက်စာတမ်းရေးတဲ့အပေါ်စိတ်အားထက်သန်သလောက် စာလေ့လာတဲ့အပေါ်ရှိပါက ပျမ်းမျှအဆင့်မှာဆိုဘယ်လိုနေနေ အမှတ်(၄၀)တော့ကျော်မည်ဟု။
ရှောက်ကျန့်မှာ စားပွဲပေါ်ရှိ အထူငါးစင်တီမီတာခန့်ရှိသော A4စာရွက်အထပ်လိုက်၏အကျိုးသက်ရောက်မှုကြောင့် လက်ရှိထူးဆန်းသည့်အခြေအနေကိုပင် ခဏလောက်မေ့သွားခဲ့ရသည်။
"မင်းကစာအုပ်ထုတ်ဝေဖို့ စိတ်ကူးထားတာလား?"
ရွှီရှန့်က လက်ထဲရှိစာရွက်နှင့်ဘောပင်အား စားပွဲပေါ်ချလိုက်ပါပြီး. .
"မင်းအရင်ရေး ပြီးမှဆက်ပြော။"
ရှောက်ကျန့် စိတ်ကိုငြိမ်အောင်ထားလိုက်ပြီး သူ့ကိုသတိပေးလိုက်ပါသည်။
"ငါ့လက်ရေးက မင်းနဲ့မတူဘူး။"
ရွှီရှန့်မှာတော့ ကြောင်ခြစ်ခွေးခြစ်ကိုယ့်လက်ရေးအကြောင်းကိုယ်ကောင်းကောင်းသိ၍. .
"ငါ့လက်ရေးကလွယ်ပါတယ် ၊ မင်းဘယ်လက်နဲ့သာရေးလိုက်ဖြစ်တယ် ရေးထွက်လာတဲ့စာလုံးတွေက သေချာပေါက်ငါ့အတိုင်းသားနားနေမှာပဲ။"
သွားရှုပ်မိမှတော့လည်း ပြန်ပေးဆပ်ရတော့မှာပေါ့။
ရှောက်ကျန့်မှာ မနက်ကတင် သုံးသပ်ချက်စာတမ်းကိစ္စအကြောင်းပြပြီး ထိုသူ့ကိုထိန်းချုပ်ထားခဲ့၏ ၊ ယခုအချိန်ကြ အဲ့သုံးသပ်ချက်စာတမ်းကိစ္စကပဲ မိမိခေါင်းပေါ်ကျရောက်လာလိမ့်မယ်ဟု တွေးပင်မထားခဲ့။
ရှောက်ကျန့်ဘောပင်ကောက်ကိုင်လိုက်တော့ပြီး ဘယ်လက်ဖြင့် တွန့်လိမ်လိမ်ရှိသည့် 'သုံးသပ်ချက်စာတမ်း' ဆိုသည့်စကားလုံးတချို့ကိုချရေးလိုက်ပါသည်။ ဘေးနားတွင် ရွှီရှန့်က သူ့ရဲ့နောက်ဆုံးသုံးသပ်ချက်ကို စရေးတုန်းက လွှင့်ပစ်ခဲ့သည့် မူကြမ်းတစ်ရွက်ရှိနေ၏ ၊ တစ်ချက်လှမ်းကြည့်ရင်းမှ လက်ရေးခြင်းယှဉ်ကြည့်လိုက်ရာ တကယ်ပင်ဘာကွာဟချက်မှမရှိ။
YOU ARE READING
ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)
Fantasyရှောက်ကျန့် x ရွှီရှန့် ကျန့်ဝူပုရှန့်