498 72 3
                                    

这题超纲了
ZTCGL


UNICODE



ရွှီရှန့်တင် ကမောက်ကမဖြစ်နေတာမဟုတ် ၊ ရွှီရှန့်နှင့် လျှောက်လမ်းသာခြားပြီး 'functionပုစ္ဆာ'ဆိုသည့် သုံးလုံးကိုရှင်းရှင်းလင်းလင်းကြားလိုက်ရပါသည့် ရှောက်ကျန့်သည်လည်း အဆင်ပြေမနေပါချေ။

ရှောက်ကျန့် မည်မျှပင် တည်ငြိမ်နေပါစေဦး နောက်ဘာဆက်ဖြစ်လာမည်ကို သူတွေးဝံ့ခြင်းမရှိပါချေ။

ရှောက်ကျန့် အတန်းထဲသို့ဝင်လာပြီးနောက် လီယုံမင်၏ ကြောက်လန့်နေသည့်အကြည့်များအောက် ထိုင်ခုံကိုဆွဲထုတ်လိုက်ပါသည်။ ကိုယ်ထက်ကအင်္ကျီမှာဆို ရွှီရှန့်ကဗီရိုထဲကနေရှာပြီး သူ့ကိုပစ်ပေးလာခြင်း ၊ ရွေးပေးလာသည်က အားလုံးနဲ့ယှဉ်ကြည့်လျှင် ရိုးရိုးရှင်းရှင်းပုံသာပါသည့်တီရှပ်တစ်ထည်။

ရှောက်ကျန့်အဖို့ ဒီလိုလည်ပင်ကျယ်တာမျိုးနှင့်က သိပ်အသားမကျ။

သူသည် လက်ကိုမြှောက်လိုက်ပြီး အင်္ကျီအားအနောက်သို့ဆွဲလိုက်၏ ၊ ဘယ်လိုဖြစ်သည်မသိ စောစောတုန်းက ရွှီရှန့်ကျောင်းဝတ်စုံဝတ်ထားသည့်ပုံစံက အတွေးထဲပေါ်လို့လာသည်။

ရွှီရှန့်ဆိုသူအား နာမည်နှင့်မျက်နှာနှင့်ကိုမတွဲမိခဲ့ပေမယ့် ထိုသူနှင့်ပတ်သက်သည့် ကောလဟာလတချို့ကိုတော့ သူသိထား၏။

ကျောင်းဝတ်စုံမဝတ်သည့်ကိစ္စက အထက်တန်းပထမနှစ်တုန်းက အတော်လေးပွက်လောရိုက်သွားခဲ့သည်။

ရှောက်ကျန့်က ဒါတွေကိုအရေးမစိုက် ၊ သို့သော်ငြား အဆောင်ခန်းထဲ အဝတ်လဲတုန်းက မတော်တဆဖြင့်မှန်ကိုဖြတ်လျှောက်စဉ် မှင်တက်သွားခဲ့ရသေးသည်။


ရွှီရှန့် ကျောင်းဝတ်စုံဝတ်ထားသည့်ပုံစံ. . . က တွေးထားတာနှင့်မတူပါချေ ၊ ပြောရလျှင် လုံးဝကိုထင်မှတ်မထားမိတာမျိုး။ အကယ်လို့အမှတ်(၆)က ဆရာသို့မဟုတ်ကျောင်းသားဘယ်သူနေနေ ထိုအချိန်တံခါးဖွင့်ဝင်ရောက်လာပါက နေရာမှာတင်ကြက်သေသေသွားကြလောက်မည်။

မှန်ထဲတွင်ရှိသောလူငယ်သည် မီးခိုးနဲ့အပြာရောင် ကျောင်းဝတ်စုံကို ၀တ်ဆင်ထား၏ ၊ ထက်မြက်ပြက်သားမှုတို့ ဖုံးကွယ်မသွား ၊ သာမန်အားဖြင့် မမြင်ရသော ကျောင်းသားအငွေ့အသက်ကိုလည်း ထင်ပေါ်စေသည်။ သူ့အရပ်က အစကတည်းကရှည်သူမို့ သဘာဝအရကိုဘာနေနေကွက်တိကျနေလျက်။

ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)Where stories live. Discover now