这题超纲了
ZTCGLUNICODE
အင်တာနက်ဆိုင်တွင် စက်ပေါင်းငါးဆယ်ခြောက်ဆယ်ရှိ၏ ၊ ကျောင်းသားအနည်းစုမှလွဲ၍ ကျန်သူများ အားလုံးကတော့ ဂိမ်းကစားရင်း စီးကရက်ရှူရှိုက်လို့အငွေ့တို့မှုတ်ထုတ်နေကြသည့် လူမိုက်များသာ။
ထိုလူတချို့မှာ တကယ့်ကို ငယ်ရွယ်ပြီး ရင့်ကျက်တဲ့ ၀တ်စားဆင်ယင်မှုမျိုး ရှိကြပေမယ့် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ထဲမှာပဲ ဆံပင်ဆိုးဖို့ ချိန်းလိုက်ကြပုံပင်။ ခေါင်းအပြည့်အဝါရောင်အမွေးတို့ဖြင့် လည်တိုင်၌ ငွေရောင်အဆင်တန်ဆာတချို့ ချိတ်ဆွဲထားလျက်—- —- အကယ်လို့ကျောင်းသာတက်နေပါက အလွန်ဆုံးရှိလှ အထက်တန်းပထမနှစ် ဒါမှမဟုတ် ဒုတိယနှစ်အရွယ်လေးတွေသာ။
ထိုကြွေးကြော်သံက ကျယ်လောင်ပြင်းပြပြီး ဒေါသအမျက်တို့ပါနေလျက် ၊ အင်တာနက်ဆိုင်တစ်ဆိုင်လုံးအပြည့် 'ငလူး ငါ့ကိုမြန်မြန်သွေးဖြည့်ပေးစမ်း ၊ အကျယ်ချဲ့ အကျယ်ချဲ့ကွ' ဆိုပြီး အင်တာနက်စွဲလန်းနေသည့် ဆယ်ကျော်သက်တွေရဲ့ အော်သံတွေအောက်မှာ တကယ်ကိုထင်ပေါ်နေခဲ့ခြင်း။
မသိတဲ့သူတွေဆို ရှောက်ကျန့်က သူ့အားတစ်ခုခုလုပ်ခဲ့တာလို့ ထင်နေကြဦးမည်။
နေရာရှိ 'အစ်ကိုကြီး'ဟုအခေါ်ခံရသည့်လူကမေးလာပါသည်။
"သူဆိုတာသေချာလား?"
"သေချာတယ် မမှားဘူး ၊ သူအဲ့နေ့ကလည်း ဒီအဝတ်အစားပဲဝတ်ထားတာ အဲ့အနက်ရောင်ပဲ ၊ အပေါ်မှာအစင်းကြောင်းပုံအနည်းငယ်ပါတယ်!"
တံခါးဝ၌ စကားပြောနေတဲ့လူက ဒေါသအလွန်ထွက်နေလေပြီး ထိုအထိပြောပြီးနောက်သူ့ကိုယ်သူအရင်စိတ်ငြိမ်အောင်လုပ်လိုက်ပြီးမှ ဆက်လို့ပြော၏။
"ငါစကားကိုဒီအထိပဲပြောမယ် ၊ ဒီနေ့ မင်းနဲ့ငါ မပြီးဘူးပဲ!"
ရှောက်ကျန့် : ". . . . . ."
ထိုလူက ထပ်အော်လာပြန်သည်။
"မင်းထွက်လာခဲ့!"
ရှောက်ကျန့်သည် အနက်ရောင်လိုက်ကာများဖြင့် ကာထားသော ပြတင်းပေါက်ဘေးရှိ နောက်ဆုံးတန်း၏ထောင့်တွင် ထိုင်လို့နေခြင်း။ ကျန်းဖုန်းပြောသည်အရ ဒါက 'ရွှီရှန့်'သုံးနေကြနေရာ ၊ အကြောင်းအရင်းကရိုးရှင်းသည် - ပြတင်းပေါက်ရှိနေလို့ပင် ၊ အင်တာနက်ဆိုင်၌ မီးခိုးငွေ့တွေများပြီး ဆေးလိပ်သောက်သုံးသူတွေများလှရာ ပြတင်းပေါက်ဖွင့်လိုက်လျှင်တော့ အသက်ရှူလို့ရသေးသည် ၊ ထို့အပြင် ရွှီရှန့်ကသွားလေရာရာ၌ ကောင်းကောင်းမွန်မွန်မတ်မတ်ထိုင်ရတာမျိုးကိုမကြိုက် ၊ ဘေးတွင် နံရံတစ်ခုရှိပါက ဂိမ်းကစားရင်းမှ မှီလျက်အနားယူရတာလည်းအဆင်ပြေ၏။
YOU ARE READING
ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)
Fantasyရှောက်ကျန့် x ရွှီရှန့် ကျန့်ဝူပုရှန့်