这题超纲了
ZTCGLUNICODE
မဲထည့်ခြင်း အောင်မြင်သွားပါပြီ။
2.ရွှီရှန့် [3807 မဲ]
ရွှီရှန့်သည် နာမည်ကြီးသေနတ်ပစ်ဂိမ်းတွင် ထိပ်တန်းအယောက်100ထဲသို့ ဝင်ရောက်နိုင်ခဲ့သည် ၊ သူကပုံမှန်ဆို စာလိုက်နားမထောင်ဘဲ ဂိမ်းဆော့ရင်းသာအချိန်ကုန်သည့်အပြင် ကျန်တာကတော့အနိုင်ရလိုစိတ်ပင်။
ဂိမ်းကစားတဲ့အခါ အနိုင်မလိုချင်ရင် ဘာကြောင့်ကစားနေသေးလဲ။
ဒါကဘာအစုတ်ပလုတ်ရွေးချယ်မှုကြီးတုန်း ၊ ဝင်မကြည့်ရသေးတုန်းကအကောင်း ဝင်လည်းကြည့်ပြီးရော မနေနိုင်တော့။
ဒုတိယ? သူကဘာလို့ဒုတိယရောက်နေရတာလဲ?
စနေတနင်္ဂနွေနှစ်ရက်က လျင်မြန်စွာပင်ကုန်ဆုံးသွားခဲ့၏။
ထိုအတောအတွင်း ဟုန်ကျွင့်နှင့် အခြားသူများ စာမေးရန်ရောက်ရှိလာကြသည်။ ကံကောင်းထောက်မစွာ ရှောက်ကျန့်က ထိုအိမ်စာတွေအကုန်လုံးကိုရေးပြီးသွားပြီဖြစ်၍ ရွှီရှန့်အတွက် ထိုအိမ်စာများအား ထိုသူတို့ကိုပစ်ပေးလိုက်ရုံနှင့်ဖြစ်သည်။
"အဖြေကဒီမှာ ၊ ကိုယ့်ဘာသာကြည့်။"
ဟုန်ကျွင့်က လက်မထောင်ကာ. .
"ကျေးဇူးပဲကျန့်ကော ၊ ကျန့်ကောကတော့မိုက်ချက် ၊ ဒီလောက်အိမ်စာအများကြီးကို ခဏနဲ့ရေးပြီးသွားပြီ။"
အဆောင်နေကျောင်းသားများမှာဆို ပိတ်ရက်နှစ်ရက်တွင် စာသင်ခန်းထဲအပို့ခံရပြီး စာတွေလုပ်ကြရ၍ ရလဒ်အနေနဲ့ကတော့ စာလုပ်ဖို့စိတ်မပါကြတော့ ၊ အိမ်စာကူးစရာရှိကူးရေးနေလိုက်ကြပြီး ထိုမေးခွန်းတွေကိုဖြေနိုင်မဖြေနိုင် ဘယ်သူမှအရေးစိုက်မနေ။
ဟုန်းကျွင့်က အိမ်စာကူးရေးပြီးနောက်မေးလာ၏။
"ငါမနက်က မင်းတို့အဆောင်ခန်းဘက်လာပြီး မင်းကိုလာရှာသေးတယ် ၊ ကျောင်းအပြင်မှာမနက်စာဆိုင်အသစ်ဖွင့်ထားတာလေ ၊ အဲ့ကတို့ဟူးကတော်တော်အရသာရှိတာ ၊ အကြာကြီးတံခါးခေါက်ပေမယ့် ဖွင့်မယ့်လူမရှိဘူး။"

YOU ARE READING
ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)
Fantasyရှောက်ကျန့် x ရွှီရှန့် ကျန့်ဝူပုရှန့်