၁၉ ပ

430 47 0
                                    

这题超纲了
ZTCGL


UNICODE

ရှေ့ခုံကအတန်းဖော်၏အကြည့်တို့က တုန်လှုပ်ချောက်ချားသွားရာမှ တဖန်ခေါင်းရှုပ်လို့သွားပုံဖြင့် နောက်ဆုံးအနည်းငယ်ထိုးထွင်းသိမြင်သွားဟန်ပြောင်းလို့သွား၏။

ဖုန်းကိုကိုင်ထားသည့်ရွှီရှန့်၏လက်က နေရာတင်တောင့်ခဲကာ သိမ်းရမှာလည်းမဖြစ် ချထားလို့ကလည်းမဖြစ်။

ရှောက်ကျန့်က ရွှီရှန့်၏ဖုန်းကိုယူထားခြင်း ၊ ရှေ့ခုံကလူမပြောနဲ့ သူဆိုလည်း တစ်ခွန်းမေးလိုက်မိမည်သာ - ဒီလူနှစ်ယောက်ကြားက ဆက်ဆံရေးက ဘယ်လိုတုန်း။

ဘယ်လိုတွေးတွေး အဓိပ္ပာယ်မရှိပေ။

ရှေ့ခုံကအတန်းဖော်မှာ ကြောင်အနေရင်းမှ ဖွင့်ဟမေးလိုက်မိပါ၏။

"ရွှယ်ရှိန် ၊ အဲ့. . . အဲ့ဖုန်းက မင်းဟာမဟုတ်ဘူးမလား?"

သူ့အဖို့မည်သို့ပြောရမည်မသိရှိ၍ ရှောက်ကျန့်စီသာလှမ်းလို့ မျက်ရိပ်ပြလိုက်မိသည် - ဘယ်လိုလုပ်မတုန်း။

ရှောက်ကျန့်က စာအုပ်ကိုပိတ်လိုက်ပြီးဖြစ်ကာ မတ်မတ်ထိုင်နေလေ၏ ၊ ရွှီရှန့်လို ကျောရိုးမရှိသလိုမျိုးနှင့်မတူ ၊ မျက်လွှာပင့်ခိုက် လက်ရှိအရေးပေါ်အခြေအနေကိုမြင်တွေ့၍ သူသည်လည်းအကြည့်တစ်ချက်ပြန်လွှတ်လိုက်ပါ၏၊ ခန့်မှန်းခြေ စကားလုံးခုနှစ်လုံးလောက် - မင်းကျွမ်းတယ်မဟုတ်ဘူးလား။

ရွှီရှန့်စိတ်ထဲမှနေ ဖာ့ခ်ဟုတစ်ချက်ဆဲရေးပစ်မိသွားသည်။

ဤသို့ဖြင့် ရှေ့ခုံကအတန်းဖော်မှာမေးပြီးရုံရှိသေး မျက်စိရှေ့တွင်ပဲ ထူးဆန်းတဲ့မြင်ကွင်းတစ်ရပ်ကို မျက်ဝါးထင်ထင်တွေ့လိုက်ရပါသည် ၊ ရွှယ်ရှိန်နဲ့ ရှောက်ပါ့တို့က အကြည့်ချင်းဖလှယ်အကြည်စိုက်နေကြခြင်း။

ရွှီရှန့်အဖို့ နေ့စဉ်ကြိုးတန်းပေါ်လမ်းလျှောက်နေရသကဲ့သို့ပင် ၊ ထိုကြိုးတန်းမှာ တစ်ခါတစ်ရံတွင် ပြင်ပအားအမျိုးမျိုးကြောင့် ဘယ်ညာလှုပ်ယမ်းသွားတတ်၏ ၊ ကံကောင်းထောက်မစွာ ထိုအရာများနှင့်နှိုင်းစာလျှင် လူတို့၏ရှင်သန်လိုစိတ်က အလွန်အားကောင်းလှသည်။

ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)Where stories live. Discover now