Part-2

6K 670 4
                                    

Chapter 2

စကားမဆုံးမီတွင် ငွေမှင်ရောင်ကားတစ်စီးက သူ့မြင်ကွင်းထဲရောက်လာပြီး အဆောက်အဦးနံပါတ်ငါး၏ ပါကင်နေရာထဲ ဝင်လာသည်။

ရက်ပေါင်း ၄၀ခန့်ကြာသွားခဲ့ပြီဖြစ်သော်လည်း စုန့်ရန်က ထိုနေ့မှ အခိုက်အတန့်တိုင်းကို မှတ်မိနေခဲ့သည်။

ကားပြတင်းမှန်ကို ချလိုက်ချိန်တွင် နေရောင်ခြည်က အတွင်းကိုဖြာကျသွားသောကြောင့် ယာဉ်မောင်းနေရာမှလူကိုမြင်ရရန် ကြိုတင်အကွက်ချစီစဉ်ထားသည်ဟုပင် ထင်ရသည်။ ထိုလူက ခါးမတ်မတ်ထိုင်နေပြီး ယောက်ျားပီသသည့်ကိုယ်နေဟန်ထားဖြစ်ကာ ဘယ်ဘက်လက်မှ ကားစတီယာရင်ကိုကိုင်ထားပြီး အပြာနုရောင်ရှပ်အင်္ကျီကို ဘယ်ဘက်လက်တွင် ကြယ်သီးဖြုတ်ထားကာ ခေါက်တင်ထားသည်။

သူ့မျက်နှာ အချိုးအစားကလည်း ပြစ်မျိုးမှဲ့မထင်ဖြစ်နေကာ နှာ‌တံမြင့်မြင့်နှင့် မျက်ခုံးထူထူဖြစ်သည်။

ထိုလူက ခေါင်းအနည်းငယ်စောင်းလိုက်သည်။ ဦးခေါင်းကို ထိုင်ခုံနောက်မှီနှင့်ထိသွားချိန်တွင် နှုတ်ခမ်းများ ကွေးညွတ်ပြီး ကားနောက်ခုံတွင်ထိုင်နေသည့်လူနှင့် စကားလှမ်းပြောနေသည်။ သူ အလွန်ပျော်ရွှင်စွာ စကားပြောနေခြင်းဖြစ်၍ သူ့အပြုံးကလည်း အလွန်သဘာဝကျနေပြီး တစ်လောကလုံးက နွေးထွေးသည့်မျက်ဝန်းတစ်စုံကိုသာ အာရုံစိုက်ထားသည်ဟုာထင်ရပေသည်။

ကားပါကင်ထဲဝင်ခါနီးတွင် ညာဘက်လက်ကို  ပြတင်းပေါက်မှန်ကို တင်ထားပြီး ကား‌ကိုနောက်ဆုတ်လိုက်သည်။ ထိုလူက ဂီယာပြောင်းထိုးပြီး နောက်ကြည့်မှန်ကိုတစ်ချက်ကြည့်ကာ ကျွမ်းကျင်စွာဖြင့်ကားကို နောက်တဖြည်းဆုတ်လိုက်လေသည်။

နေရာအပြောင်းအလဲဖြစ်သွားသောကြောင့် ထိုလူ၏ မျက်နှာကို ရှေ့တည့်တည့်မှ မြင်လိုက်ရသည်။ ထိုလူ၏ ချောမောခံ့ညားသော မျက်နှာပုံပန်းနှင့် နှစ်လိုဖွယ်အပြုံးများက စုန့်ရန်၏ မျက်ဝန်းထဲတွင် ထင်ဟပ်လာသည်။

စုန့်ရန်က သစ်သားတံတားလေးပေါ် ရပ်နေဆဲဖြစ်ပြီး သူ့ဆွယ်တာအင်္ကျီကို ခပ်တင်းတင်းဆုပ်ကိုင်ထားကာ ခန္ဓာကိုယ်တစ်ခုလုံး ပူလာသည်ဟု ခံစားလိုက်ရသည်။

နူးညံ့ရောင်ခြယ်(Completed)Where stories live. Discover now