Part-64

3.3K 451 8
                                    

Chapter 64

တစ်နာရီခန့်အကြာတွင် စုန့်ရန်က သူ့နှဖူး၊ နားရွက်နှင့် လည်ပင်းကို ရှင်းရှင်းလင်းလင်းမြင်ရသောဆံပင်ပုံစံဖြင့် ဆံပင်ညှပ်ဆိုင်ထဲမှ တက်ကြွစွာထွက်လာပြီး လေတိုက်ခတ်လိုက်တိုင်း အနည်းငယ် အေးစိမ့်စိမ့်ဖြစ်နေမိသည်။ လေအဝှေ့တွင် ဆံနွယ်များယိမ်းနွဲ့နေပြီး နေရာင်ခြည်နွေးနွေးအောက်တွင် လူငယ်တစ်ယောက်၏  တက်ကြွမှုကို ပြသနေသည်။

အိမ်ပြန်ရောက်သည့်အချိန် mirror selfie တစ်ပုံရိုက်ပြီး လင်းဟွေ့၏ WeChatတွင်ပို့လိုက်သည်။

လင်းဟွေ့က အာမေဋိတ်သင်္ကေတသုံးတန်းပို့၍ ချက်ချင်းတုံ့ပြန်ခဲ့ပြီး ဖုန်းကိုဝှေ့ယမ်းပြီး ကျန်းယွီဝမ်ကို ရန်စရန် ထွက်သွားသည်။

နေ့ခင်းတွင် စုန့်ရန်က အိမ်မှ စောစောထွက်သွားသည်။

ကျောင်းမဆင်းမီ နာရီဝက်အလိုတွင် သူ့စက်ဘီးကို အပေါက်ဝရှိ ခြံစည်းရိုးအနားတွင်ရပ်ထားပြီး သစ်ပင်တစ်ပင်ကိုမှီနေသည်။ လူကြီးမင်းဟယ်က အစောပိုင်းတွင် ဘေးကင်းကင်းဖြင့် လေယာဉ်ဆိုက်လာပြီဖြစ်ကြောင်း မက်ဆေ့တစ်စောင်ပို့ထားသည်။ သူ့ရင်ထဲတွင် ယားကျိကျိဖြစ်လာမိပြီး မည်သည့်နေရာတွင် စောင့်ဆိုင်းနေရန်တွေးနေမိသည်။

အမျိုးသမီးအိုကြီးတစ်ယောက်က သစ်အယ်သီး၊ တို့ဟူးခြောက်နှင့် အိန္ဒိယပန်းများကိုခြင်းကိုသယ်ပြီး တဖြည်းဖြည်းလျှောက်လာနေသည်။ သူ့အိတ်ကပ်ထဲလက်ထည့်ကာ သစ်ပင်ကိုမှီနေသည်ကို မြင်လိုက်ရချိန်တွင် ဒေသိယစကားသံဖြင့် သူ့ကို စိတ်လိုလက်ရ လှမ်းနှုတ်ဆက်သည်။

" လူငယ်လေး မင်းရဲ့သားလေးကို လာကြိုတာလား..."

" ဟုတ် ကျွန်တော့်သားလေးကို လာကြိုတာ... အန်တီရော မြေးလေးကို လာကြိုတာလား..."

စုန့်ရန်၏မျက်နှာက လင်းလက်နေသည်။

" ငါတို့အိမ်က ကလေးလေးက ပဲစိလုံးလေးနဲ့တူတယ်..."

စုန့်ရန်က မန်ဒရင်းဘာသာစကားဖြင့် ပြောသည်ကို ကြားလိုက်ရသောအခါ သူက ရှန်ဟိုင်းမန်ဒရင်းဘာသာစကားဖြင့် ပြောင်းပြောလိုက်သည်။ သူမ ခြင်းတောင်းကို စုန့်ရန်ကို ပြလိုက်ပြီး အထဲမှ စားစရာများကို ပြလိုက်သည်။

နူးညံ့ရောင်ခြယ်(Completed)Where stories live. Discover now