Part-24

3.7K 556 3
                                    

Chapter 24

နှစ်ယောက်လုံးက အမှားလုပ်ခဲ့ကြခြင်းဖြစ်သော်လည်း လင်းဟွေ့က ကလေးကို ငိုအောင်လုပ်လိုက်ရုံသာဖြစ်ပြီး သူက အဖေကို ဒေါသထွက်အောင် လုပ်လိုက်ခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် လင်းဟွေ့က အဆင်ပြေသွား‌ခဲ့သော်လည်း သူက ကံဆိုးစွာဖြင့် အလုပ်ကို ဆုံးရှူံးခဲ့ရ၍ ဘဝ၏ ဖြစ်ရပ်မှန်များကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။

သူ့နှလုံးသားထဲမှ မခံမရပ်နိုင်ဖြစ်မှုများကို မသိသော ဟယ်ကျစ်ယွမ်က ရယ်မောပြီး မေးလိုက်သည်။

" ပုပုကို အဲ့လောက်တောင်ချစ်တာလား..."

စုန့်ရန် ခေါင်းငုံ့ပြလိုက်သည်။

" ဟုတ် ကျွန်တော် သူ့ကိုချစ်တယ်..."

အကယ်၍ သူသာ အဖြောင့်တစ်ယောက် ဖြစ်ခဲ့ပါက သူ၏ အကြီးမားဆုံးအိမ်မက်မှာ ပုပုကဲ့သို့သော ချစ်စရာကောင်းသည့် ကလေးတစ်ယောက်ရှိရန်ဖြစ်ပြီး သူ့ကို ချစ်ခြင်းမေတ္တာများနှင့် လွှမ်းခြုံပေးကာ အတောင်အလက်စုံလင်၍ ကောင်းကင်ပေါ် ပျံသွားနိုင်သည်အထိ အလိုလိုက် ချစ်ခင်ပေးရန်ဖြစ်သည်။

ဟယ်ကျစ်ယွမ်က မေးလိုက်သည်။

" သူ့ရဲ့ ဘာကို သဘောကျတာလဲ..."

" သူ ကျွန်တော့်ကို ယုံကြည်အားကိုးတာကို သဘောကျတာ..."

" မင်းကို အားကိုးတာ..."

ဟယ်ကျစ်ယွမ်မှာ မူလက ' ဉာဏ်ကောင်းသည် ၊ ချစ်စရာကောင်းသည်၊ ရိုးသားဖြူစင်သည် ' ဟူသည့်စကားများ ကြားလိုက်ရမည်ဟု ထင်ထားသော်လည်း ' ယုံကြည်အားကိုးတာ ' ဟူသည့်စကားက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။

"အင်း..."

စုန့်ရန် ခေါင်းအသာငြိမ့်လိုက်သည်။

" ဒီလိုပြောတာက  နည်းနည်းတော့ ကြွားသလိုဖြစ်နေပေမယ့် ပုပုက ကျွန်တော့်ကို တော်တော်လေး ယုံကြည်အားထားတယ်...  ကျွန်တော့်ကို ကြည့်တဲ့အချိန် သူ့အမူအရာက တော်တော်လေး တရင်းနှီးရှိတဲ့အပြင် အနေဝေးနေတာလို့လည်း မထင်ရဘူး... ပုံမှန်အချိန်ဆိုရင် ကျွန်တော့်ရင်ခွင်ထဲ ပြေးဝင်ပြီးတော့ လုံးဝမလွှတ်တော့ပဲ တစ်ချိန်လုံး ဖက်ထားတာ...ကျွန်တော့်ရှေ့မှာဆိုရင် သူ ငိုလည်းငိုတယ် ရင်ထဲမှာ ရှိနေတာတွေကိုလည်း ထုတ်ပြောတယ်... ကျွန်တော်က သူ့ကိုအနည်းနဲ့အများတော့ နားလည်ပေးနိုင်တယ်လို့ ထင်နေပုံပဲ... အဲ့လို နတ်သားပေါက်စလေးဆီကနေ အမှီခိုခံရတော့ ကျွန်တော် စိတ်ထဲမှာ ကံကောင်းတာပဲလို့ တွေးမိပြီး သူ စိတ်မပျက်ဖို့အတွက် သူ့ကို ကောင်းကောင်းမွန်မွန် ကာကွယ်ပေးရမယ်လို့ ဆုံးဖြတ်ထားမိတယ်..."

နူးညံ့ရောင်ခြယ်(Completed)Where stories live. Discover now