Part-52

3.2K 505 4
                                    

Chapter 52

ပုပုက ပုံကြမ်းကိုဆုံးရှုံးလိုက်ရသည့်အတွက် ပုခုံးလေးငိုက်ကျသွားလေသည်။

ဘာလို့လဲ...

ဘာလို့လဲဆိုတော့ စုန့်ရန် ခေတ္တမျှတုံ့ဆိုင်းနေပြီးနောက် ရှင်းပြလာ၏။

ဘာလို့ဆို ကိုကြီးက ဒီပုံကိုအရမ်းသဘောကျတာလေ...အဲဲ့ဒါကြောင့် သားကိုမပေးတာပါ...

ပုပု၏နှုတ်ခမ်းလေးတင်းသွား၏။ သူက ချွဲနွဲ့ဟန်ဖြင့်မေးလိုက်ပြန်သည်။

ကိုကြီး သူများကိုမပေးဘူးပေါ့နော်...သားကိုတောင်မပေးဘူးလား...

ပြီးတော့ အဲ့ဒါသားဖေဖေလေ...

စုန့်ရန်က ကလေးငယ်၏ ထူးဆန်းပြီးခေါင်းမာသောအမူအရာကိုကြည့်ကာ ရုတ်တရက်ဘယ်လို့ပြန်ပြောရမှန်းမသိတော့ချေ။ 

ပုပု...ကိုကြီးကမပေးချင်တာမဟုတ်ပါဘူး...သားရဲ့ပါပါးဒါကိုတွေ့မှာစိုးလို့ပါ...ကိုကြီး သားကိုပေးလိုက်ရင် သားကဒီပုံကိုအခန်းထဲထည့်ထားမှာမဟုတ်လား...မကြာခင် သားရဲ့ပါပါးရှာတွေ့သွားလိမ့်မယ်လေ...အဲ့လိုဆို ကိုကြီးပြသနာတက်မှာ...

ဘာလို့ ပါပါးကဒါကိုတွေ့လို့မရတာလဲ... ပုပုက နားမလည်နိုင်ဖြစ်နေ၏။

ကိုကြီးတို့နှစ်ယောက်က...အိုး...

သူ၏ဦးနှောက်ပိစိကလေးက အကြိမ်အနည်းငယ်လည်ပတ်ပြီးသည့်နောက် အဓိကအချက်ကိုဖမ်းဆုပ်လိုက်မိဟန်တူ၏။ ပုပုက ခေါင်းလေးတညှိတ်ညှိတ်ဖြင့်ရယ်မောလျှက် စုန့်ရန်ကိုလက်ညှိုးထိုးကာပြောလိုက်သည်။

ကိုကြီးက ရှက်နေတာပဲ...

ကိုကြီးက ပါပါးရဲ့ပုံကိုတိတ်တိတ်လေးခိုးဆွဲပြီး ဘယ်သူမှမသိအောင်ဖွက်ထားပေမယ့် အရမ်းတော်တဲ့ပုပုလေးဆီမှာမိသွားတာပေါ့...အိုး ရှက်စရာပဲ...

ဒီလိုပဲဖြစ်ရမယ်...

ကလေး၏ရေရွတ်သံကြောင့် စုန့်ရန် သူ့နဖူးသူပြန်ရိုက်လိုက်မိသည်။

မဟုတ်တာ...ကိုကြီးကဘာလို့ရှက်ရမှာလဲ...

သူက အပြစ်မကင်းသလိုခံစားနေရခြင်းသာဖြစ်သည်။

နူးညံ့ရောင်ခြယ်(Completed)Where stories live. Discover now