Part-25

3.7K 546 3
                                    

Chapter 25

ပုပု၏ လုံခြုံရေးအကြောင်းပြောလိုက်သည်နှင့် စုန့်ရန်က ချက်ချင်းစိတ်ပြောင်းသွားပြီး ဖုန်းနံပါတ်ယူထားရခြင်းက ကျိုးကြောင်းဆီလျော်မှုရှိရုံသာမက မရှိမဖြစ်အရေးကြီးကြောင်း လိုအပ်လှသည်။ အစောပိုင်းက သူ၏စိတ်ကူးယဉ်မှုများကြောင့် ရှက်ရွံ့သွားသောစုန့်ရန်က သူ့ဖုန်းကိုထုတ်ပြီး ဟယ်ကျစ်ယွမ်၏ ဖုန်းနံပါတ်ကို ရိုက်ထားလိုက်သည်။ ၎င်းကို မှားမည်ဆိုး၍ သုံးကြိမ်ခန့် အတည်ပြုပြီးနောက် ‘Contact Name’ နေရာကိုကြည့်ပြီး ငေးငိုင်နေမိသည်။

လူကြီးမင်းဟယ်ရဲ့ မျိုးရိုးနာမည်က "ဟယ်" ဆိုတော့ သူ့ကို ဘယ်လိုခေါ်သင့်လဲ...

" အမ်... ပါ... ပါပါးဟယ်... ကျွန်တော် နာမည်ကို ဘယ်လိုမှတ်ထားရမလဲ... ပါပါးဟယ်လို့ ရေးရမလား လူကြီးမင်းဟယ်လို့ မှတ်ထားရမလား..."

" ဟယ်ကျစ်ယွမ်..."

သူ စိတ်လို လက်ရ ပြုံးလိုက်မိသည်။

" 'ဟယ်' ဆိုတဲ့စာလုံးက ‌'ပေါင်းစပ်ခြင်း'နဲ့ 'ခရု' ဆိုတဲ့ အက္ခရာတွေနဲ့ ပေါင်းရတာ... 'ကျစ်ယွမ်'ကတော့ 'မြင့်မြတ်တဲ့ အကြံအစည်တွေကို တည်ငြိမ်ခြင်းကပဲ ရရှိတယ်' ဆိုတဲ့ စာလုံးကနေ ရေးတာ..."

စုန့်ရန်၏ လက်က အလွန်မြန်သည်။ ပြန်ဖြေသံကိုကြားသည်နှင့် ပါပါးဟူသောစာလုံးကို ဖျက်လိုက်ပြီး တရုတ်စာလုံးများနှင့် ပြည့်နေသော မျက်နှာပြင်တွင်ရှာလိုက်သည်။

" ကျစ်ယွမ်... အာ ရှာတွေ့ပြီ..."

'Save' ကို နှိပ်လိုက်ပြီးသည့်အခါ မျက်နှာပြင်ပေါ်တွင် 'ဟယ်ကျစ်ယွမ်' ဟူသော စာလုံးများ ပေါ်လာသည်ကို ကြည့်နေလိုက်သည်။  ပြုံးလိုက်မိသည်ကို သူကိုယ်တိုင်ပင် မရိပ်မိပေ။

" နာမည်က ကျက်သရေရှိလိုက်တာ မိသားစုအကြီးအကဲတွေက ပေးထားတာလား..."

" မင်း..."

စုန့်ရန် ထခုန်မိမတတ်ဖြစ်သွားသည်။

" ဟင် ကျွန်တော်လား... ကျွန်တော် ဘယ်တုန်းက ပေးထားမိတာလဲ မဖြစ်နိုင်တာ..."

သူ၏ ချစ်စရာကောင်းမှုကြောင့် ဟယ်ကျစ်ယွမ်၏ ကော်ဖီခွက်က ဘေစင်ထဲ ပြုတ်ကျလုမတတ်ဖြစ်မိသွားသည်။

နူးညံ့ရောင်ခြယ်(Completed)Where stories live. Discover now