Part-10

4K 545 2
                                    

Chapter 10

မနက်ခင်းလေပြည်လေညင်းများက သန့်ရှင်းလတ်ဆတ်ကာ စိတ်ကြည်နူးဖွယ်ကောင်းလှသည်။ စိမ်းလန်းစိုပြည်သော ပြင်သစ်ပလိန်းပင်များက တရှပ်ရှပ်အသံများမြည်နေသည်။ မနက်မိုးသောက်ချိန်တွင် အက်စ်မြို့တွင် မိုးအနည်းငယ်ရွာသွန်းခဲ့၍ အရွက်များပေါ်တွင် ရေစက်လေးများ တွဲလွဲခိုနေသည်။ လေတိုက်၍ အရွက်များ လှုပ်ရှားသွားချိန်တိုင်းတွင် ရေစက်လေးများက သူတို့နှစ်ယောက်၏ အဝတ်များအပေါ်  ပက်ဖြန်းလိုက်လေသည်။

မြို့က ယခုအချိန်တွင် သက်ဝင်လှုပ်ရှားခြင်းမရှိသေး၍ လမ်းသွားလမ်းလာ အနည်းငယ်သာရှိသည်။ 

လမ်းဘေးရှိ အိမ်ဟောင်း၏ အကာနံရံတွင် လေလွကင့်ကြောင်လေးတစ်ကောင်က ဝပ်နေချိန်တွင် အပြာရောင်ယူနီဖောင်းဝတ်ထားသည့် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက လက်တွန်းလှည်းတစ်စီးကို တွန်းနေသည်။

" ဦးဦးရေ မင်္ဂလာပါ..."

ပုပုက သူ့ကို ပျော်ရွှင်စွာဖြင့် လက်ပြလိုက်သည်။

လူသံများကြား၍ လေလွင့်ကြောင်လေးက နံရံပေါ်ခုန်တက်ရန် ပြင်နေစဉ်တွင် တံမြတ်စည်းကိုင်ထားသော သန့်ရှင်းရေးဝန်ထမ်းက တစ်ဖက်သို့လှည့်လာပြီး ပုပုကိုပြုံးပြကာ လက်ဝှေ့ယမ်းပြနေသည်။

စက်ဘီးငယ်လေးက ဂျီဩမေတြီပုံများ၊ အင်္ဂလိပ်စာလုံးများနှင့် အာရေဗျဂဏန်းပုံစံများကို နံရံတွင် ဆေးမှုတ်ထားသည့်လမ်းကို ဖြတ်သွားသည်။ ယခင်ကဆိုလျှင် ပုပုက သူ့အဖေ၏ကားနှင့်သာ ကျောင်းသွားရ၍ ဤနေရာကို မျက်စိတစ်မှိတ်အတွင်းဖြတ်သွားရသော်လည်း ယနေ့တွင်မူ စက်ဘီးနောက်တွင် ထိုင်နေခြင်းဖြစ်၍ ဂရပ်ဖတီများကို ပထမဆုံးအကြိမ် အသေးစိတ်ကျကျ မြင်ဖူးခဲ့သည်။

သူ နံရံကို လက်ညှိုးထိုးပြပြီး တအံ့တဩဖြင့်ပြောလိုက်သည်။

" ကိုကြီး ဟိုကိုကြည့်လိုက်ဦး... နံရံပေါ်မှာ ပုံတွေအများကြီးဆွဲထားတယ်..."

ရှေ့တွင် လမ်းကွေးတစ်ခုရှိ၍ စုန့်ရန်က စက်ဘီးကို အရှိန်လျှော့ပြီး သူ့ကိုပြောလိုက်သည်။

နူးညံ့ရောင်ခြယ်(Completed)Where stories live. Discover now