Part-51

3.3K 497 28
                                    

Chapter 51

ပုပုက ထူးထူးခြားခြားအစောကြီးနိုးလာကာ စုန့်ရန်၏မေးဖျားနှင့်လည်တိုင်ကြားကို တိုးဝှေ့ပွတ်သပ်နေ၏။ ထို့နောက် ဆံပင်တိုတိုလေးများရှုပ်ပွသွားသည်အထိ အိပ်ရာထက်ပြန်လှဲလိုက်ကာ စုန့်ရန်နှင့်အတူဖြတ်သန်းကြမည့် အံ့သြဖွယ်အနာဂတ်အတွက် အစီအစဥ်ချနေတော့၏။

"ကိုကြီး...သားအိပ်ခန်းထဲမှာ ကုတင်အကြီးကြီးရှိတယ်...ကိုကြီးအိမ်ပြောင်းလာတာနဲ့ သားအိပ်ရာတစ်ဝက်က ကိုကြီးအပိုင်ပဲ...သားမှာဗီရိုအကြီးကြီးလည်းရှိသေးတယ်သိလား...သားအဝတ်တွေကပိစိလေးတွေဆိုတော့ နေရာနည်းနည်းပဲယူတာလေ...ကျန်တဲ့နေရာအကုန်က ကိုကြီးဟာပဲ..."

"ဒါပေမယ့်..." စုန့်ရန် အိပ်ချင်စိတ်မပြယ်သေးဟန်ဖြင့် မျက်ဝန်းများကိုပွတ်သပ်လိုက်သည်။

"သားရဲ့ပါပါးက ကိုကြီးကို သူ့အိပ်ရာတစ်ဝက်ပေးမယ်ပြောတယ်လေ..."

ပုပုထိုစကားကိုကြားချိန်၌ ဒေါသတကြီးဖြင့်မျက်ခုံးလေးများပင့်လိုက်သည်။

"ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ပါပါးကလူကြီးလေ...သားကကလေးပဲရှိသေးတာ...သူကဘာလို့ ကိုကြီးကိုသားနဲ့လိုက်လုနေရတာလဲ..."

သူက စုန့်ရန်၏ရင်ခွင်ထဲသို့ ပိုမိုတိုးဝှေ့လိုက်ကာ တင်လုံးလုံးလေးကိုလှုပ်ခါရင်း သနားစဖွယ်ချွဲနွဲ့လိုက်၏။

"ကိုကြီး...သားနဲ့အိပ်နော်...နော်လို့..."

မဟူရာရောင်ကျောက်မျက်သဖွယ် တောက်ပရွှန်းလက်သော ပုပု၏မျက်ဝန်းနက်ကလေးများကြောင့် စုန့်ရန်နှလုံးသားနူးညံ့သွားခဲ့ရသည်။ သို့သော် ကံကောင်းစွာဖြင့် ဟယ်ကျစ်ယွမ်၏ 'အလိုလိုက်ခံရသောကလေးများက ပျက်စီးတတ်ကြသည်' ဟူသောသတိပေးချက်မှာ သူ့ခေါင်းထဲ၌မြည်ဟည်းလာခဲ့လေသည်။ သူ၏ဝါဂွမ်းစိုင်ကဲ့သို့ နူးညံ့သောနှလုံးသားကို ကျောက်တုံးသဖွယ်ဟန်ဆောင်ရန် တွန်းအားပေးလိုက်ရလေသည်။

"ကိုကြီးက ညဘက်ဆိုသားရဲ့ပါပါးနဲ့အတူအိပ်ရမှာ..."

စုန့်ရန် ပုပုကိုနူးညံ့စွာပွေ့ဖက်လိုက်သည်။

နူးညံ့ရောင်ခြယ်(Completed)Where stories live. Discover now