Part-31

3.3K 539 46
                                    

Chapter 31

သူမ လက်ချောင်းများကို ပွတ်နေပြီး ရိုးသားစွာဖြင့် မေးလိုက်သည်။

" စုန့်ရန် ဟိုဟာလေ... ကျွန်မရှင့်ကို တကယ်သဘောကျတာပါ... အရင်တစ်ခါက တွဲမလားလို့ပြောခဲ့တာကို ပြန်စဉ်းစားပေးနိုင်မလား..."

စုန့်ရန်က တောင်းပန်ဟန်ဖြင့် ပြုံးပြလိုက်သည်။

" ကျွန်တော် တောင်းပန်ပါတယ်..."

လင်းဟွေ့က ရိုက်ချက်ကြီးတစ်ခုကို ခံစားလိုက်ရပြန်သည်။ သူမ၏ မျက်လုံးအိမ်က နီရဲလာပြီး ငို‌တော့မည့်ပုံစံ ဖြစ်လာသည်။

" ကျွန်... ကျွန်မရဲ့ ဘာကို သဘောမကျတာလဲဟင်... ရှင် ပြောပြမယ်ဆိုရင် ကျွန်မ ပြင်ပါ့မယ်..."

စုန့်ရန် သက်ပြင်းချလိုက်သည်။

ဤမိန်းမပျိုလေးက ငယ်စဉ်ကတည်းက အလိုလိုက်ခံရပြီး ကြီးပြင်းလာပုံပေါ်သည်။ သူမက အသက်နှစ်ဆယ်ကျော်ရုံဖြစ်ကာ ယခုမှ ကျောင်းပြီးချိန်ဖြစ်၍ ခံစားချက်များက လတ်ဆတ်သန့်စင်နေပြီး လူကောင်းတစ်ယောက်နှင့် ဆုံလာသည်နှင့် အတူတူ ရှိနေချင်ပုံရသည်။ တဲ့တိုးဆန်သော စိတ်နေစိတ်ထားဖြင့် အလွယ်တကူ‌လက်လျှာ့ရမည်ကို အလိုမရှိကာ ရံဖန်ရံခါတွင် ပြင်းထန်သည့် ခံစားချက်ကို ထုတ်လွှတ်တတ်သည်။ သူက ဖွင့်ပြောခံရသည့်လူဖြစ်သော်လည်း သူမထက်မြင့်သောနေရာတွင်ရှိနေသူဟု သတ်မှတ်၍မရပေ။ ထိုမိန်းကလေးက နှိမ့်ချစွာဖြင့်  သူ့အားလိုလိုလားလား တောင်းဆိုနေ၍ သူ ဂရုမစိုက်ပဲ မနေနိုင်တော့ပေ။

" လင်းဟွေ့... မင်းက ဘယ်နေရာမှ ချို့ယွင်းမနေပါဘူး... မင်းနဲ့ မတွဲနိုင်ဘူးဆိုတာ ကျွန်တော့်မှာ ပြဿနာရှိနေလို့ပါ..."

စုန့်ရန်က အာလူးချောင်းတစ်ချောင်းကို ယူလိုက်သည်။ တစ်ဖက်ကို ဘယ်ဘက်လက်ဖြင့် ကိုင်ထားပြီးနောက် ‌လင်းဟွေ့၏ရှေ့တွင် ညာဘက်လက်ဖြင့် ကွေးပြလိုက်သည်။

လင်းဟွေ့ စိတ်ရှုပ်ထွေးသွားပြီး မျက်တောင်ခတ်လိုက်သည်။

" ဟမ်..."

စုန့်ရန် : " ကျွန်တော်က လိင်တူပဲ သဘောကျတာ..."

နူးညံ့ရောင်ခြယ်(Completed)Where stories live. Discover now