Part-18

3.4K 554 0
                                    

Chapter 18

ဤကလေးက ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေသည်။ သူ၏ ချိုသာသောစကားများက level 10နီးပါးရှိသည်။ ထိုစကားတစ်ခွန်းကြောင့် စုန့်ရန်က နှဖူးမှ ခြေဖျားအထိ နွေးထွေးသွားရသည်။ သူ့နှလုံးသားသည်ပင် အရည်ပျော်ကျပြီး ရေအိုင်တစ်ခု ဖြစ်သွားပုံပေါ်သည်။ သို့ရာတွင် ပုပုက စိတ်ဓာတ်ကျသွားသည့်အမူအရာဖြစ်ပေါ်လာပြန်သည်။ သူ့မျက်ခုံးများတွန့်ချိုးထားပြီး ပြောလိုက်သည်။

" ဒါပေမဲ့ အန်တီ့ကို ပါပါးကိုယ်တိုင် ရွေးပေးထားတာဆိုတော့ ... သား ပါပါးပြောတာကိုလည်း နားထောင်ချင်သေးတယ်..."

ကျဉ်းထဲကြပ်ထဲ ရောက်နေတာပဲ...

ဖခင်က ဘယ်ဘက်၊ ကိုကြီးက ညာဘက်တွင်ဖြစ်နေ၍ လေးနှစ်အရွယ်ကလေးငယ်လေးမှာ ချီတုံချတုံဖြစ်နေမိသည်။ သူက နှစ်ဖက်လုံးကို လိုချင်နေမိပေသည်။

စုန့်ရန်မှာ ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့‌၍ သူ့နှဖူးကိုနမ်းလိုက်သည်။

" အဆင်ပြေသွားမှာပါ... ဒီလိုတွေးကြည့်လေ ကိုကြီးက မျက်နှာချင်းဆိုင်အိမ်မှာပဲ နေနေတာပဲကို... အန်တီအသစ်ရောက်လာပြီးရင်လည်း ကိုကြီးက အိမ်ပြောင်းသွားမှာမှ မဟုတ်တာ... ပုပု ကိုကြီးကိုလွမ်းတဲ့အချိန်တိုင်း တံခါးလာခေါက်လိုက်ရုံပဲ... ကိုကြီးက ဧည့်သည်တစ်ယောက်လိုမျိုး ကြိုဆိုမှာပေါ့...  အရင်ရက်တွေတုန်းကလိုမျိုး အရောင်တွေခြယ်မယ်၊ ပုံပြင်တွေနားထောင်မယ် ရေတူတူချိုးကြမယ်လေ..."

နည်းလမ်းနှစ်မျိုးလုံးကို ပြုလုပ်နိုင်ကြောင်း သိလိုက်ရသည့်အခါ ပုပုက ချက်ချင်းပြန်ပြုံးနိုင်သွားသည်။ သူ စုန့်ရန်၏ နားရွက်နားကပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" ဒါဆိုရင် သားနေ့တိုင်းခိုးထွက်လာပြီး ကိုကြီးကို လာရှာမယ်... ပြီးတော့ ပါပါးမသိအောင်လည်းလုပ်မယ်နော် အဲ့လိုရလား..."

" ရတာပေါ့ ရတာပေါ့..."

စုန့်ရန်က ပုပုနှင့် လက်သန်းချင်းချိတ်ပြီး ကတိပေးလိုက်သည်။

မနက်စာစားပြီးသည့်အခါ ပုပုက စုန့်ရန်နှင့်အတူ အောက်ဆင်းလာသည်။ သူက စက်ဘီးထိုင်ခုံပေါ် တက်ထိုင်လိုက်ပြီး ကိုကြီးကို အမိန့်ပေးသည့် ခမ်းနားထည်ဝါသော စစ်သူကြီးပုံစံဖမ်းကာ သူငယ်တန်းသို့ တဖြည်းဖြည်းထွက်ခွာသွားသည်။

နူးညံ့ရောင်ခြယ်(Completed)Where stories live. Discover now