Part-45

3.5K 474 27
                                    

Chapter 45

ဧည့်ခန်းမီးများက ထိန်ထိန်လင်းနေသည်။ ကျန်းယွီဝင့်၊ လင်းဟွေ့နှင့် ပုပုတို့က ဖန်သားပြင်ပေါ်တွင် ဒရောသောပါးပြေးလွှားနေသည့် တွမ်နှင့်ဂျယ်ရီကို ဆိုဖာပေါ်ထိုင်လျှက်ကြည့်နေကြ၏။ တံခါးဖွင့်သံကိုကြားသောအခါ သုံးယောက်စလုံးခေါင်းလှည့်လာကြသည်။ စုန့်ရန်ကိုတွေ့သောအခါ ပုပုက ဆိုဖာပေါ်မှစိတ်လှုပ်ရှားစွာခုန်ဆင်းလာပြီး

"ကိုကြီး...နိုးလာပြီလား..."

စုန့်ရန်က ကလေးငယ်အား နူးညံ့စွာဆီးကြို၍ဖက်လိုက်၏။ ထို့နောက် အနောက်လှည့်ကာ အိပ်ခန်းအတွင်းသို့ချီသွားလိုက်ပြီးနောက် တံခါးကိုပိတ်လိုက်သည်။

ပုပုကခေါင်းလေးမော့ကြည့်လာ၏။ "ကိုကြီး ဘာလုပ်မလို့လဲဟင်..."

"ကိုကြီး သားကိုမေးစရာရှိတယ်..."

စုန့်ရန်က ကြမ်းပြင်တွင်ဒူးထောက်လိုက်ကာ သူ၏ရေစိုနေသောမျက်နှာအား ပွတ်သုတ်လိုက်ပြီး ပုပု၏မျက်ဝန်းများအတွင်း လေးနက်စွာကြည့်လိုက်သည်။

"အကယ်၍...အကယ်၍လေ...ကိုကြီးနဲ့သားရဲ့ပါပါးက အတူတူရှိနေမယ်ဆို...သားစိတ်ဆိုးမှာလား..."

ပုပုက ချစ်စဖွယ်ပြန်မေး၏။

"အတူတူရှိနေတယ်ဆိုတာ ဘာလဲဟင်..."

"သားရဲ့ဖေဖေပြန်လာရင် ကိုကြီးက သားတို့နှစ်ယောက်ဆီကိုပြောင်းလာမယ်...မနက်၊နေ့လည်၊ည တစ်လျှောက်လုံးအတူတူရှိနေမယ်...အနာဂတ်မှာ ကိုကြီးက သားတို့နှစ်ယောက်လုံးကိုဂရုစိုက်ပြီးတော့ သားရဲ့ပါပါးက ကိုကြီးတို့ကိုစောင့်ရှောက်မှာမျိုးပေါ့..."

"ကောင်းတယ်...ကောင်းတယ်..." ပုပုက မဆိုင်းမတွပြန်ဖြေကာ ဆန်ကြိတ်ဆုံငယ်လေးကဲ့သို့ ခေါင်းညှိတ်လေသည်။

"အဲ့ဒါက အကောင်းဆုံးပဲ..."

စုန့်ရန်က ပုပု၏လက်သေးသေးလေးကိုဆွဲလိုက်ကာ သူကလေးအနားသို့ပိုမိုတိုးကပ်လိုက်ပြီး မေးမြန်းလိုက်သည်။

"ဒါပေမယ့် အဲ့လိုဆိုရင် သားမှာအမေမရှိနိုင်တော့ဘူး...ကိုကြီးနဲ့သားမေမေမှာ တစ်ယောက်ပဲအိမ်မှာနေလို့ရမှာ ပုပုရဲ့...သားနားလည်ရဲ့လားဟင်..."

နူးညံ့ရောင်ခြယ်(Completed)Where stories live. Discover now