Description

11.5K 372 8
                                    

စူးချီ နိုးထလာတဲ့အချိန်မှာ သူဟာ ထူးဆန်းတဲ့ ဝတ္ထုတစ်ပုဒ်ထဲသို့ အံသြဖွယ်ကောင်းစွာ ကူးပြောင်းလာခဲ့ပြီး အမြှောက်စာခံလေးတစ်ယောက် ဖြစ်လာခဲ့တယ်။

အစောပိုင်းရက်တွေမှာတုန်းက အမြှောက်စာခံလေးက လှည့်ကွက်တွေသုံးပြီး ဒုတိယဇာတ်လိုက်ရဲ့ အိပ်ရာပေါ်ကို တက်ခဲ့တယ်။ ကိုယ်ဝန်ရရှိပြီးနောက်မှာတော့ ချမ်းသာပြီး သြဇာအာဏာကြီးမားတဲ့ မိသားစုရဲ့ "သူဌေးကတော်" ဖြစ်လာခဲ့တယ်။ ဒါပေမယ့် သူဟာ နှိပ်စက်ညှင်းပန်းမှုတွေကို ခံစားခဲ့ရပြီး နောက်ဆုံးမှာ စွန့်ပစ်ခံခဲ့ရတာကြောင့် သူ့ရဲ့အဆုံးသတ်က အင်မတန်မှ သနားစရာကောင်းပြီး စိတ်ဆင်းရဲစရာ ကောင်းလှတယ်။

ဒီဝမ်းနည်းစရာ အဆုံးသတ်ကို ပြောင်းလဲနိုင်မယ့်နည်းလမ်းတစ်ခုကတော့ ဒုတိယဇာတ်လိုက်က ဇာတ်လိုက်မကို မချစ်မိသွားအောင် တားနိုင်ဖို့ပါပဲ။

ဒါပေမယ့် - - စူးချီ ယုံကြည်တာက သူ့မှာ အဲ့လိုတားနိုင်တဲ့ စွမ်းရည်မရှိဘူးဆိုတာပါပဲ။

ဒါကြောင့် သူဟာ အိတ်တွေကို ထုပ်ပိုးပြင်ဆင်ပြီး ခြောက်လထက်ကျော်နေသည့် ကိုယ်ဝန်ကြီးနှင့်အတူ ထွက်ပြေးသွားပါတော့တယ်။

*********

ချမ်းသာပြီး သြဇာအာဏာကြီးမားလှသည့် မိသားစုမှ ဆင်းသက်လာသည့် big bossကြီး ရွှီကျူးက ဥစ္စာပေါ ရုပ်ချောသူကြီးဖြစ်ပြီး သူ၏ ကိုယ်ပိုင်ဘဝက အလွန်တရာ သန့်ရှင်းလှသည်။ သူနဲ့ပတ်သက်တဲ့ ကောလဟာလတစ်ခုက သူ့အိမ်မှာ အကျဥ်းချပြီး ဖွက်သိမ်းထားတဲ့ ကောင်မလေးနဲ့ လမ်းခွဲပြတ်ဆဲဖို့ ပြင်ဆင်နေပါတယ်တဲ့။ မရေမတွက်နိုင်တဲ့ အမျိုးသား အမျိုးသမီးတွေက သူတို့မှာ အခွင့်အရေးရှိလာဖို့ စောင့်မျှော်နေကြပါတယ်။

တစ်နေ့မှာတော့ အိမ်တော်ထိန်းက ပြောလာတယ်။ " သခင်ကြီး - - မကောင်းတော့ဘူး၊ သခင်မ အိမ်ကနေ ထွက်ပြေးသွားတယ်"

အဲဒီနေ့လယ် - - သူပိုင်ဆိုင်တဲ့ အပန်းဖြေအိမ်ယာမှာ စိတ်တိုပြီး မျက်နှာကြီး မဲမှောင်နေတဲ့ ရွှီကျူးက ရေကူးဝတ်စုံလေးဝတ်ပြီး ကြီးမားတဲ့ဝမ်းဗိုက်ကို ဂုဏ်ယူစွာနဲ့ ဖော်ပြနေသည့် စူးချီကို တွေ့လိုက်ရသည်။ သူ့ရဲ့ လက်နှစ်ဖက်လုံးမှာ ​ကြက်ကင်တွေနဲ့ပြည့်နေပြီး ဆီပေးလူးနေတဲ့ ပါးစပ်ကြီးနဲ့ အဲဒါတွေကို ကိုက်ဝါးနေတာပေါ့။

လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်Where stories live. Discover now