Part-13

2.1K 252 2
                                    

ပျော်ရွှင်ဖွယ်ကောင်းသော


ပတ်ဝန်းကျင်က အသံဗလံတွေအားလုံး တိတ်ဆိတ်သွားပြီး သုံးမိနစ်ကြာကာမှ စူးချီက ထုံထိုင်းစွာဖြင့် သတိပြုမိသည်။

သူ ခေါင်းကို လှည့်လိုက်တဲ့အခါ အမဲနှင့် မီးခိုးရောင် ရောစပ်ထားသည့် သိုးမွှေးထည်အပါးလေးကို ဝတ်ဆင်ထားပြီး ပုံဆွဲရေးခြစ်ထားသလိုမျိုး ပြီးပြည့်စုံလှပသည့်
ခါးလေးနှင့် ရင်ဆိုင်လိုက်ရသည်။ စူးချီက စိုက်ကြည့်နေတာရပ်လိုက်ပြီး သူ၏မေးစေ့လေးကို တဖြည်းဖြည်းမြှင့်တင်ကာ
သူ့အကြည့်ကို ရှေကလူ၏ အဝတ်အစားကနေ အပေါ်ကို ပို့လိုက်ချိန်မှာ - - - -

ချက်ချင်းဆိုသလို အောက်စိုက်ကြည့်နေသော ရွှီကျူး၏မျက်လုံးကြီးများနှင့် ဆုံလိုက်ရသည်။

" ------------ "

ရွှီကျူးက မပျော်ရွှင်စွာနဲ့ သူ့နှုတ်ခမ်းထောင့်စွန်းများကို တင်းစေ့ထားပြီး ခေါင်းကို တဖြည်းဖြည်းချင်း နှိမ့်လာကာ သူ့မျက်လုံးများကို စူးချီ၏မျက်လုံးများနှင့် တပြေးညီဖြစ်သည်အထိ နှိမ့်ချလာသည်။

သူ ဝန်ခံရမှာက ရွှီကျူးက ဝတ္ထုထဲမှာ သရုပ်ဖော်ထားသည့်အတိုင်း လုံးဝကွက်တိပဲ။

စူးချီ၏ နတ်ဆိုးဥာဥ်ကလေးကတော့
ရွှီကျူး၏ ယပ်တောင်အသေးစားလေးလိုမျိုး တဖျပ်ဖျပ်ခပ်နေတဲ့ ထူထဲလှသည့် မျက်တောင်ရှည်များရယ်၊
ဖြောင့်စင်းလှသည့် နှာခေါင်းကောက်ကြောင်းလေးနှင့်အတူ အမဲစက်တစ်ခုတောင် ရှာမတွေ့တဲ့ ဖြူဖွေးချောမွေ့လှသည့် အသားအရေ - - - စသည်တို့ကိုသာ သတိပြုမိသည်။

သူက သောက်ရမ်းကို ခန့်ချောနေတာပဲ။

စူးချီမှာ သူ့စိတ်နှလုံးသားထဲကနေ မနာလိုဝန်တိုမှုတွေ ပေါက်ဖွားလာရပြီး ကံကြမ္မာကြီးက ရွှီကျူးခန္ဓာကိုယ်ထဲ သူ့ဝိဥာဥ်မထည့်ခဲ့တာကို မုန်းမိသည်။

"ကြည့်လို့ဝပြီလား" ရွှီကျူး၏အသံက အေးစက်နေကာ သာယာနာပျော်ဖွယ်ရှိပြီး သက်တောင့်သက်သာရှိလှသည်။

စူးချီက ထွေထွေထူးထူး စဥ်းစားမနေဘဲ သူ့မျက်နှာပေါ် အပြုံးလေးဆင်မြန်းကာ ပြန်ဖြေသည်။  "ခင်ဗျားသာ အရာဝတ္ထုတစ်ခုဆိုရင်တော့ ကြည့်လို့မဝသေးဘူးပဲ"

လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်Where stories live. Discover now