ပြောင်းပြန်လှန်ခြင်း+စစ်ဆေးခြင်း
[1 . ပြောင်းပြန်လှန်ခြင်း]
စူးချီမှတ်မိတာသာ မှန်မယ်ဆိုလျှင် သူနဲ့ ယွဲ့မင်းထန်ရဲ့ တွေ့ဆုံမှုက ကလေးမွေးပြီး နောက်ပိုင်းမှ ဖြစ်သင့်တာ။
အခုတော့ အချိန်က အနည်းငယ် ရှေ့တိုးလာခဲ့တာ သိသာလှသည်။
သူ့ရဲ့ပေါ်ပေါက်လာမှုက ဝတ္ထုရဲ့ မူလဇာတ်ကွက်တွေကို ပြောင်းလဲသွားစေတာလား။???
အခုချိန်မှာ စူးချီက စိတ်ရှုပ်ထွေးနေပြီး တစ်ချိန်တည်းမှာပဲ ပြင်းထန်တဲ့ အကူအညီမဲ့မှုက နှလုံးသားထဲမှာ ရုတ်တရက် လှိုင်းထလာခဲ့သည်။
သူတွေးခဲ့တာက သူသာ ကိုယ်ပိုင်ဝန်းကျင်အသေးလေးမှာ နေထိုင်ပြီး အပြင်လူတွေနဲ့ ဆက်သွယ်မှုကို ဂရုတစိုက် ရှောင်ရှားထားလျှင် ဝတ္ထုထဲရှိ အခြားလူတွေနဲ့ ထိပ်တိုက်ပွဲတွေကို ရှောင်ရှားနေပြီး မူလကိုယ်ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်လိမ့်မယ်လို့ပေါ့။
ကံမကောင်းစွာဘဲ သူ့ရဲ့အတွေးက အရမ်းနုံအနေတာကို ဖော်ပြသွားသည်။
သူက ကမ္ဘာအဆုံးမှာ သွားပုန်းရင်တောင်မှ ဒီကမ္ဘာရဲ့ သတ်မှတ်ပြီးသား ကံကြမ္မာက ဇာတ်လိုက်၊ ဇာတ်လိုက်မနဲ့ သူ့ကို ရုန်းထွက်လို့မရအောင် ချိတ်ဆက်ထားမှာပဲ။
စူးချီက မိုဘိုင်းလ်ဖုန်းကို ငေးငိုင်စွာ ကိုင်ထားစဉ်မှာ ယွဲ့မင်းထန်ရဲ့ ပြန်တင်ထားတဲ့ ဝေ့ပေါ်ပို့စ်မှာ ကောမန့်အရေအတွက်က အလွန်တိုးလာခဲ့သည်။
ထို့ကြောင့် လူအချို့က ခုန်ပေါက်ကာ မေးခွန်းတွေမေးကြတော့သည်။ ယွဲ့မင်းထန်က စူးချီဆီက ကြော်ငြာခရထားတာလား ဒါမှမဟုတ် စူးချီနဲ့ တိတ်တခိုးအဆက်အသွယ်ရှိခဲ့တာလားပေါ့။
ယွဲ့မင်းထန်က ထိုဟာနဲ့ပတ်သက်ပြီး ဘာမှ ဖြေရှင်းချက် မပေးထားဘူး။ ထုံးစံအတိုင်း သူမက သူမရဲ့နေ့စဉ်ဘဝနဲ့ အလုပ်အကြောင်း ဓာတ်ပုံရိုက်တင်ထားပြီး ထိုကောမန့်တွေက သူမအပေါ် ဘာသက်ရောက်မှုမှ ရှိပုံမရဘူး။ သို့သော်လည်း ဖန်တစ်ချို့က ယွဲ့မင်းထန် followလုပ်ထားတဲ့ သူတွေထဲမှာ
စူးချီ၏နာမည်ပါနေတာကို သတိပြုမိကြသည်။
YOU ARE READING
လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်
Romanceလူချမ်းသာကြီးရဲ့ ကလေးလေးကို ငါလွယ်ထားရတယ် #myanmar translation,not my own Author :: Sweet and Greasy Millet Porridge Total chapter :: 114chapter