ကူယွဲ့မျှော်စင်က အပန်းဖြေစခန်းနဲ့ သိပ်မဝေးဘူး။ ကားနဲ့ မိနစ်လေးဆယ်လောက်ပဲ အချိန်ယူရသည်။
ရှက်နေသည့် ရွှီကျူးက စူးချီကို စကားပြောတာကို ရိုးရှင်းစွာ ရပ်တန့်လိုက်ပြီး စူးချီ တိုးတိုးပြောနေတာကို လွှတ်ပေးထားလိုက်ကာ "ငါ ဘာမှမကြားနိုင်ဘူး"ဆိုတဲ့ စကားကို မျက်နှာပေါ် ရေးဆွဲထားလိုက်သည်။
ပျင်းရိနေသည့် စူးချီက အတွေးတွေအားလုံးကို ဆော့ကစားတဲ့နေရာမှာ စုပုံထားပြီး ပျင်းရိမှုပေါင်းစုံဖြင့် ထိုင်ခုံကိုမှီကာ ဖုန်းကစားနေသည်။
ဝတ္ထုထဲက ကမ္ဘာက လက်တွေ့ကမ္ဘာနဲ့ အတူတူနီးပါးပဲ။ Weiboနဲ့ WeChatကတောင်မှ လက်တွေ့ကမ္ဘာနဲ့ အတိအကျတူညီနေသည်။ စူးချီက social software တွေဆီကနေ နေ့စဥ်နေ့တိုင်း သတင်းအမြောက်အများ ရရှိခဲ့သည်။
အထူးသဖြင့် ဝေ့ပေါ်မှာ မက်ဆေ့ချ်တွေက မရေမတွက်နိုင်အောင် ရောက်ရှိနေခဲ့သည်။
ဒါပေါ့----- အင်တာနက်အသုံးပြုသူတွေက သူ့ကို ရှာဖွေနေသည့် မကောင်းသည့်အရာတွေပဲဆိုတာ ကြည့်စရာမလိုဘဲ ပြောနိုင်သည်။
မတိုင်ခင်က ပတ်ဝန်းကျင်ကို လက်ခံနိုင်ဖို့ အလုပ်ရှုပ်နေပြီး နေရာလွတ်နဲ့ ဟိုလုပ်ဒီလုပ် လုပ်နေစဥ်က ဒီလိုအရာတွေကို အာရုံစိုက်ဖို့ စိတ်ရှိမနေဘဲ အခု သူ ဝေ့ပေါ်ကို ချက်ချင်းဖွင့်လိုက်တာနဲ့ သူ့ကို ကျိန်ဆဲထားသည့် private messageများကို တွေ့လိုက်ရသည်။
(အိုး --- ငါ့မှာ သတင်းအတော်များများရှိတယ်။ အသားတွေရောင်းဖို့ အချိန်ကောင်းပဲ။ မင်း ပိတ်ပင်ချင်တယ်ဆိုရင် မင်းအလိုရှိတဲ့ ဘယ်သူကိုမဆို ပိတ်ပင်လို့ရတယ်။ ရွှေပေါင်ကြီးရှိနေရင် ဧဝရတ်တောင်ကို တက်နေတာလို့ မင်းတွေးရလိမ့်မယ်။ မင်း ချမ်းသာချင်တာလား--(smile)---(smile)----)
(ငါကြားတာ ရှီဟောက်က မင်းယောက်ျားရဲ့ ဘလော့တာခံရတယ်ဆို။ မင်း လူဘယ်လောက်များများနဲ့ အိပ်ခဲ့တာလဲ။ သူတို့က ရောက်တဲ့နေရာမှာ အိပ်နိုင်တာပဲ။ ကောင်းဘွိုင်းလေးကတော့ ချမ်းသာမှုတွေ ညှစ်ထုတ်နေရတယ် ထင်ပါတယ် ---ဟား ---ဟား---)
YOU ARE READING
လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်
Romanceလူချမ်းသာကြီးရဲ့ ကလေးလေးကို ငါလွယ်ထားရတယ် #myanmar translation,not my own Author :: Sweet and Greasy Millet Porridge Total chapter :: 114chapter