" ကျန်နေသေးတဲ့ ဂန္ဓမာပန်းရိုင်းအမှုန့်တွေကို သွားသိမ်းလိုက်ဦ်း " စူးချီက ရှောင်းဟွာကို ပြောသည်။ " နောင်မှာ အဲဒါကို မရောင်းတော့ဘူး "
ရှောင်းဟွာက အံ့ဩသွားရပြီး "ထပ်ပြီး မရောင်းတော့ဘူးလား ??? ဒါပေမယ့် ဒီဆေးမှုန့်က အရမ်းကျော်ကြားနေတာ။ ကြမ်းခင်းဈေးက ငါးသောင်းကနေ ခြောက်သောင်းအထိ ရှိသွားပြီလို့ ကြားတယ်"
စူးချီက ရှင်းပြသည်။ "ဒီအချိန်က ရောင်းရမယ့်အချိန်မဟုတ်ဘူး။ ဂန္ဓမာပန်းရိုင်းတွေရဲ့ ပန်းပွင့်တဲ့ကာလက ကုန်သွားပြီ "
" ဟုတ်တာပဲ ---" ရှောင်းဟွာသည် လွန်ခဲ့သော ရက်အနည်းငယ်က သူမ ဥယျာဉ်ကို သွားသောအခါ ပွင့်လန်းနေခဲ့သည့် ဂန္ဓမာပန်းရိုင်းများက ညှိုးနွမ်းလုနီးပါးဖြစ်နေပြီး အနည်းငယ်ကသာ ဆောင်းလေကြမ်းထဲမှာ ပွင့်လန်းနေဆဲဖြစ်သည်။
ပျော်ရွှင်နေတဲ့သူက အပန်းဖြေစခန်း၏မန်နေဂျာသာဖြစ်ပြီး သူ့မှာ ပျော်လွန်းလို့ ပါးစပ်တောင်မစိနိုင်တော့ဘူး။
ရှောင်းဟွာက အလျင်အမြန် လှုပ်ရှားလုပ်ကိုင်သွားသည်။ စူးချီက မနက်စာစားပြီး ပြန်လာချိန်မှာတော့ သူမက လက်ကျန်ဆေးမှုန့်ဗူးများအားလုံးကို ကော်ဖီစားပွဲပေါ်တွင် သပ်သပ်ရပ်ရပ် ထားထားသည်။
" ဗူးရှစ်ဆယ်ပဲ ကျန်ပါတော့တယ် " ရှောင်းဟွာက စိတ်ပူစွာ သက်ပြင်းချလိုက်သည်။
" နောက်နှစ်ထိ အချိန်အကြာကြီး စောင့်ရဦးမှာပဲ။ ဒီလိုမှန်းသိ ပန်းပွင့်တွေအကုန်လုံးကို ရသမျှ ခူးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် မစ္စတာက ကျွန်မတို့ကို ခွင့်ပြုပေးထားတာပဲကို "စူးချီက သဘောမတူလေဘူး " ရပါတယ် "
သူ့ကိုယ်ပေါ်မှာရှိတဲ့ ဂဏန်းရှစ်လုံးလက်ကျန်ရှိတဲ့ ဘဏ်ကတ်က သူ တစ်နှစ်နားထားရတယ်ဆိုရင်တောင် အလုပ်သမားတွေရဲ့လစာကို ပေးဖို့ တတ်နိုင်ပါသေးတယ်။
အာမခံချက်ရရှိပြီး ချော့မော့ခံလိုက်ရသည့် ရှောင်းဟွာက သူ့မျက်နှာရှိအပြုံးက ပိုမိုတောက်ပလာခဲ့သည်။ သူမက သတင်းကောင်းကို အခြားအိမ်အကူမလေးများဆီသို့ မျှဝေလိုက်သည်။ မိန်းမငယ်လေးများက အချိန်အတော်ကြာအောင် စုဝေးပျော်ရွှင်နေကြပြီးနောက် ကျန်ရှိနေတဲ့ဆေးမှုန့်များကို ဂရုတစိုက် ထုပ်ပိုးလိုက်သည်။
YOU ARE READING
လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်
Romanceလူချမ်းသာကြီးရဲ့ ကလေးလေးကို ငါလွယ်ထားရတယ် #myanmar translation,not my own Author :: Sweet and Greasy Millet Porridge Total chapter :: 114chapter