Part-12

2.1K 271 2
                                    

ငွေပေးချေခြင်း

ဒီကာလတွေမှာ အိမ်တော်ထိန်းကျန်းက
ရွှီကျူး၏ နေ့စဥ်ကိစ္စရပ်​တွေကို ဂရုစိုက်ပေးနေရသူမို့ ရွှီကျူးနဲ့တွေ့ဆုံဖို့ အကြိမ်များစွာ လာရောက်ခဲ့တဲ့ ပိုင်ကောင်းကျီကို တွေ့ဆုံဖူးတာပေါ့။

ဒါပေမယ့် အိမ်တော်ထိန်းကျန်းမသိတာက ပိုင်ကောင်းကျီနောက်မှာ ပါလာတဲ့ သက်လတ်ပိုင်းလူတစ်စုကိုပဲ၊ သူတို့ရဲ့ဝတ်စားပုံအရ ဆုံးဖြတ်ရရင် သူတို့က
သာမာန်လူတွေမဖြစ်နိုင်ဘူး။

"ဟယ်လို --- ဦးလေးကျန်း " ပိုင်ကောင်းကျီက ပြုံးပြကာ ဦးလေးကျန်းနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် သူခေါ်လာခဲ့တဲ့ လူရှစ်ယောက်အကြောင်းကို အကျဥ်းချုပ်ကာ မိတ်ဆက်ပေးသည်။ "ဒီနေ့ ထပ်နှောင့်ယှက်ရတဲ့အတွက် အားနာပါတယ်ဗျာ"

" ဘာကိစ္စရှိလို့ပါလဲခင်ဗျာ "
အိမ်တော်ထိန်းကျန်းက ယဥ်ကျေးချိုသာစွာမေးသည်။ ပိုင်ကောင်းကျီက ရွှီကျူးနဲ့ စီးပွားရေးအကြောင်း ဆွေးနွေးပြောဆိုဖို့အတွက် သူ့ဆီက ခွင့်​ပြုချက်လာတောင်းတယ်လို့ ထင်နေပေမယ့် သူ ပဟေဠိဖြစ်နေမိသည်။ ပိုင်ကောင်းကျီက ဒီကို အကြိမ်ပေါင်းများစွာ ရောက်လာပေမယ့် ခုထိ နေရာမှန်ကို ရှာမတွေ့သေးဘူးလား။

ကံကောင်းထောက်မစွာပဲ သူတို့မှာ တံခါးခေါက်ဖို့ အချိန်မရှိလိုက်ဘူး၊ မဟုတ်ရင် အထဲက ဘိုးဘေးပိုးဖလံလေးက ဘာလုပ်မယ်ဆိုတာ မသိဘူး။

အိမ်တော်ထိန်းကျန်းက သက်သာရာရစွာ သက်ပြင်းနက်နက်ချကာ အသက်ရှူမိပြီးမှ လျင်မြန်စွာနဲ့ ကျေးဇူးပြု၍ လိုက်လာပါဟူသော လက်ဟန်အမူအရာကို လုပ်ကာ ပြောသည်။ "ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်လာခဲ့ပေးပါ"

ပိုင်ကောင်းကျီက မေးသည်။
"အိမ်​တော်ထိန်းကျန်းက ကျွန်တော်တို့လာမှာကို သိနေတာလား"

ရွှီကျူးက အရင်နှစ်ရက်လောက်တုန်းက ထိုအကြောင်းကို သာမာန်ကာလျှံကာ ပြောဖူးသည်။ မကြာမီမှာ ပိုင်ကောင်းကျီနဲ့ စာချုပ်အကြောင်း အသေးစိတ်ဆွေးနွေးဖြစ်မယ်ဆိုတာ ကိုပေါ့။ ထို့ကြောင့် အိမ်တော်ထိန်းကျန်းက ခေါင်းညိတ်ကာ ပြောသည်။
" ဟုတ်ပါတယ် --- မစ္စတာရွှီကျူးက လတ်တလောကိစ္စရပ်ကြောင့် နေ့လယ်ခင်းမှ အချိန်ရတာပါ"

လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်Where stories live. Discover now