Part-21.2

1.6K 207 11
                                    

"ဒါနဲ့ ----"တော်ဝင်နန်းတော်၏ နံရံ" ရုပ်ရှင်ဗားရှင်းက ဒုတိယဇာတ်လိုက်ကို ရွေးနေတယ်တဲ့။ အဲဒီရုပ်ရှင်ထဲမှာ မင်းအရမ်းကို ပါဝင်ချင်တာမလား။ အဲဒါကို စမ်းကြည့်ချင်ရင် ငါ လမ်းကြောင်းရှာပေးရမလား"

စူးချီက မျက်ခုံးကို မြှင့်ကာ "မင်းပြောတာ သရုပ်ဆောင်က ထန်းမုန့်ယင်းရဲ့ရုပ်ရှင်လား"

"အဲဒါကလွဲလို့ ဘယ်ဟာရှိမလဲ"
ဟန်ကျင်းချန်က ပြောသည်။ "မင်းနဲ့ ထန်းမုန့်ယင်းကြားမှာ ကိစ္စလေးတွေရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီလောကမှာ ရန်ဘက်ဆိုတာ အမြဲမရှိပေမယ့် စိတ်ဝင်စားမှုကတော့ အမြဲရှိရမှာ။ အခု ရှီဟောက်က ကျရှုံးသွားပြီ၊ မင်းအလှည့်ပဲ။ အချိန်ရောက်လာပြီကို ဖန်တွေရအောင် အမြန်မစုဆောင်းချင်ဘူးလား"

ဝတ္ထုထဲမှာက မူလကိုယ်၏ဘဝအကြောင်းကို အသေးစိတ် အများကြီး မဖော်ပြထားဘူး။ အကြောင်းအရာတော်တော်များများက အတင်းအဖျင်းဘုရင်မ ရှောင်းဟွာဆီကနေ စူးချီ မေးမြန်းထားရခြင်းဖြစ်သည်။

ဥပမာအနေနဲ့ဆို "တော်ဝင်နန်းတော်၏ နံရံ" ဇာတ်လမ်းဗားရှင်း၏ ဇာတ်ဆောင်ကဆို အရင်က မူလကိုယ်၏ နေရာဆိုတာမျိုး။ နောက်ပိုင်းကျ ဒါရိုက်တာက အကြောင်းပြချက်အချို့နဲ့ သူ့စိတ်ကို ရုတ်တရက် ပြောင်းလိုက်ကာ စကားတစ်လုံးမှမပြောဘဲ
ထန်းမုန့်ယင်းဆီကို လွှဲပြောင်းပေးလိုက်သည်။

ဒါတွေကို မသိဘဲ မူလကိုယ်က ရှုတင်စတင်ရိုက်ကူးတော့မှာဖြစ်ကြောင်း ဝေ့ပေါ်မှာ အလုပ်ကြိုးစားစွာဖြင့် ရုပ်ရှင်နဲ့ပတ်သက်တဲ့ သတင်းတွေကို ပရိုမိုးရှင်းဆင်းနေခဲ့သည်။ ဇာတ်လမ်းထဲမှာ ပါဝင်မည့် အမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်ကို ဖော်ပြသည့် သတင်းကို ဝေ့ပေါ်မှာ တရားဝင်ဖွင့်ပြသည်မတိုင်ခင်အထိပေါ့။ မူလကိုယ်က အထုတ်ခံလိုက်ရတာသိပြီး ပို့စ်ကို လေးငါးကြိမ်ဆက်တိုက် တင်ခဲ့သေးသည်။ ဝေ့ပေါ်မှာ ပရိုမိုးရှင်းဆင်းထားတဲ့ဟာတွေက ပွဲကြည့်နေကြတဲ့ အင်တာနက် အသုံးပြုသူတွေကြားမှာ ဟာသတစ်ခု ဖြစ်လာတာပေါ့။

တစ်ခုတည်းသောဖြစ်နိုင်ချေက ရှီဟောက်က နောက်ကွယ်ကနေ ကြိုးကိုင်တဲ့သူဖြစ်ပြီး သူ့ကို သရုပ်ဆောင်နေရာကနေ ဖြုတ်ချခဲ့သည်။

လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်Where stories live. Discover now