ပိုက်ဆံသာပေးလိုက်
နှစ်ဝက်ကျော်အတူရှိခဲ့ကြပေမယ့် ရွှီကျူးက စူးချီကို သိပ်မသိပါဘူး။ သူသိတာက စူးချီဆိုတာ မာနကြီးဘဝင်မြင့်ပြီး ဇီဇာကြောင်ရတာကို ကြိုက်တဲ့သူ၊ အမြင့်တက်ဖို့ဆို ဘာမဆိုလုပ်နိုင်တဲ့သူ။
စူးချီ၏အနှုတ်သဘောဆောင်တဲ့ လက္ခဏာတွေက ရွှီကျူး၏နှလုံးသားထဲမှာ ရိုက်နှိပ်ထားသလိုမျိုး နက်ရှိုင်းစွာ တည်ရှိနေတယ်။ ဒါကြောင့်မို့ စူးချီဘက်က လမ်းခွဲဖို့ ခြေလှမ်းစလာမယ်လို့ သူ့မှာ အတွေးမရှိခဲ့ဖူးဘူး။
ဒါမှမဟုတ် နောက်ကြောင်းပြန်ကာ အဆင်ပြေဖို့လုပ်တဲ့ စူးချီရဲ့ လှည့်ကွက်ပဲလား။????
ရွှီကျူး နားမလည်နိုင်ဘူး၊ ဒါပေမယ့် အခုမှာတော့ ဒီလိုအရေးမပါတဲ့ ကိစ္စလေးတွေအတွက်နဲ့ သူ စိတ်ရှုပ်မခံနိုင်ဘူး။ မကြာခင်မှာပဲ စူးချီက လိပ်ပြာအဆင်ကို ဝတ်ဆင်ထားပြီး မျက်မှောင်ကြုပ်နေတာကို သူ သတိထားမိလိုက်တယ်။
" မင်း အဲဒီလိုဝတ်စားပြီး ဒီကိုလာတယ်ပေါ့ "
" မဟုတ်ရင်ရော " စူးချီက သူ့မျက်ခုံးကိုပင့်ကာ ညင်သာစွာရယ်လိုက်ပြီး သူ့လက်ကိုမြှောက်ကာ ခန္ဓာကိုယ်ပေါ်က အဝတ်စကို သာမန်ကာလျှံကာ ဆွဲယူပြသည်။
" လမ်းခွဲခြင်းလိုမျိုး အရေးကြီးတဲ့ အကြောင်းအရာကို ပြောမှာမို့ ငါအကြိုက်ဆုံး အဝတ်အစားကို ဝတ်ထားတာ၊ ကြည့်ကောင်းလား? ??"ပြောပြီးနောက်မှာ စူးချီက နှိမ့်ချထားသောအမူအယာနဲ့ ထရပ်ကာ ရွှီကျူးအရှေ့မှာ အချိန်အနည်းငယ်လောက် တမင်တကာ ဖြည်းဖြည်းလေးလှည့်ပြလိုက်တယ်။
ပြန်ကြည့်လိုက်တော့ ရွှီကျူးရဲ့မျက်နှာက ဒေါသတွေနဲ့ ပြာသွားခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ လေဖိအားနည်းရပ်ဝန်းက အရာဝတ္ထုအဖြစ် ပေါင်းစည်းနိုင်လုနီးပါး ဖြစ်သွားပြီး စူးချီရဲ့အပြုံးက ကူကယ်ရာမဲ့စွာ ပိုမိုတောက်ပလာတယ်။
" ကြည့် --- ငါကြိုက်တာကို မင်းမကြိုက်ဘူး၊ မင်းအလုပ်နဲ့ပတ်သက်ပြီးလည်း ငါက အကူအညီမပေးနိုင်ဘူး၊ ငါတို့က တကယ်ကို တစ်ယောက်နဲ့တစ်ယောက် မသင့်တော်ဘူး"
YOU ARE READING
လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်
Romanceလူချမ်းသာကြီးရဲ့ ကလေးလေးကို ငါလွယ်ထားရတယ် #myanmar translation,not my own Author :: Sweet and Greasy Millet Porridge Total chapter :: 114chapter