Part-22.2

1.8K 210 15
                                    

နောက်ထပ်ခြေလှမ်းကတော့ ရေတပ်ဝယ်ယူကာ hot searchထဲ ဝင်စေသည်။ ရွှီကျူးက စူးချီနဲ့ရှီဟောက်ကြားက ဆက်ဆံရေးကောင်းရှိခဲ့တာကို သဝန်တိုနေတာပေါ့။ အစောပိုင်းတုန်းကဆို ရှီဟောက်က ဖိနှိပ်ခံရပြီး ဘလော့ခံရတယ်။ နောက်ပိုင်းကျ ရှီဟောက်အပေါ် ရေညစ်တွေသွန်ချဖို့ ပိုင်ကောင်းကျီ၏လက်ကို အသုံးပြုခဲ့သည်။

"အဲဒီထန်းမုန့်ယင်းဆိုတဲ့သူက ရွံ့စရာပဲ။ သူနဲ့ရှီဟောက်က တစ်ဖက်ထဲဆိုတာ ဘယ်သူမှမသိမှာ ကြောက်နေတာကြနေတာပဲ။ သူ့ရဲ့လှုပ်ရှားမှုတွေကို ဖိုရမ်မှာ ဖော်ခံရပြီးပြီ"
ရှောင်းဟွာက စက်ဆုပ်စွာ ပြောသည်။

ရှောင်းဟွာဆီကနေ ဖြစ်ကြောင်းကုန်စင်ကို နားထောင်ပြီးနောက် စူးချီရဲ့ခံစားချက်က
ရွှီကျူးအတွက် စိတ်မကောင်းဖြစ်တာပဲ။

သိသိသာသာကိုပဲ ရွှီကျူးက ဖြစ်ရပ်တစ်ခုလုံးမှာ အဖြူစင်အပြစ်ကင်းဆုံး လူတစ်ယောက်ဖြစ်သည်။ သူက ဘာမှမလုပ်ပေမယ့် အကြောင်းပြချက်မရှိ ပစ်မှတ်ထားခံရပြီး
ရှီဟောက်ကို အပြစ်ကင်းဆေးကြောဖို့ ကိရိယာအနေနဲ့ ထန်းမုန့်ယင်းအသုံးချတာကို ခံလိုက်ရသည်။

သို့သော်လည်း ထန်းမုန့်ယင်းရဲ့ အမြှောက်စာစိတ်ဓာတ်ကလေးက ရွှီကျူးကို ရင်ဆိုင်ဖို့ ရဲရင့်လွန်းလှသည်။ မင်းတို့သိထားရမှာက နောက်ပိုင်းမှာ ရွှီကျူးကသာလျှင် အဓိကဇာတ်လိုက်နဲ့ ယှဥ်ပြိုင်နိုင်တဲ့ တစ်ဦးတည်းသောလူပဲ။

"ရွှီကျူး ဘယ်မှာလဲ" စူးချီက မေးသည်။

"မစ္စတာက မနေ့ကနေ့လယ်ခင်းကပဲ အလုပ်ကိစ္စနဲ့ ဂျပန်သွားပါတယ်။ ငါးရက်လောက်ကြာမှ ပြန်လာမယ်ထင်ပါတယ်။ အစက လူကိုယ်တိုင်တွေ့ပြီး ပြောမလို့ပါပဲ။အဲဒီအချိန်တုန်းက မဒမ်က အခန်းပိတ်ပြီး ဇာတ်ညွှန်းကြည့်နေတာလေ။ မစ္စတာက မနှောင့်ယှက်ရဘူးလို့ ကျွန်မတို့ကို ပြောလို့"
ရှောင်းဟွာက ဖြေသည်။

စူးချီက ခေါင်းညိတ်လိုက်ပြီးနောက် စားပွဲအောက်ရှိ အံဆွဲထဲကနေ အသံဖမ်းစက်ကိုယူကာ ရှောင်းဟွာထံ ပေးလိုက်သည်။

"အသံသွင်းထားတာကို အင်တာနက်ပေါ် တင်လိုက်"

ရှောင်းဟွာရဲ့မျက်လုံးထဲမှာ အံ့သြသွားမှုက ခဏတဖြုတ် ပေါ်ထွက်လာလိုက်ပေမယ့် သူမက အလျင်အမြန် တုံ့ပြန်ကာ အသံသွင်းဖောင်တိန်ကို ယူလိုက်သည်။

လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်Where stories live. Discover now