Xue Mu
စူးချီက ဗလာဖြစ်စွာ မျက်တောင်တစ်ချက်ခပ်လိုက်ပြီး အံ့ဩမှုကြီးကနေ ဖြေလျှော့နိုင်ဖို့ အချိန်ကြာသွားခဲ့သည်။ မမျှော်လင့်စွာဘဲ ဒီ၀မ်းကွဲလေးက မျက်နှာနှစ်ခုနဲ့သူပဲလို့ စိတ်ထဲတွင် ညည်းညူလိုက်သည်။
"ငါက သန္ဓေသားနှလုံးခုန်နှုန်းစောင့်ကြည့်ခန်းကို စစ်ဆေးဖို့ မလာဖူးသေးဘူး --- ခင်ဗျားမသိဘူးလား ---- ဒီကစည်းမျဉ်းတွေက ပုံမှန်ဟုတ်ရဲ့လား"
စူးချီက ပုခုံးကိုတွန့်ကာ မသိနားမလည်သည့်ပုံစံလေးဖြင့် ပြောလိုက်သည်။ကုကျင်းကျိုက မူလကိုယ်ကို တိုက်ခိုက်ပြောဆိုတာက ပထမဦးဆုံးအကြိမ်မဟုတ်ပေမယ့် စူးချီက သူ့ကို ကတ်ကတ်လန်အောင် ပြန်ပြောတာကတော့ ပထမဦးဆုံးအကြိမ်ပဲ။ ကုကျင်းကျိုက အချိန်တစ်ခုလောက် ကြောင်အသွားကာ မလှုပ်ရှားဘဲ စူးချီကို မျက်လုံးပြူးကြီးနှင့် ကြည့်နေသည်။
စူးချီက သူ့ရဲ့ဗိုက်ပူပူလေးနဲ့ ကုကျင်းကျို၏ရှေ့မှာ ထိုင်လိုက်သည်။ သူခေါင်းမော့လိုက်တဲ့အခါ မျက်နှာပေါ်ရှိ အပြုံးချိုချိုကလေးနှင့် ကုကျင်းကျိုကို အကြောက်အရွံ့ကင်းစွာ ကြည့်နေခဲ့သည်။
ကုကျင်းကျိုက နှစ်သက်စရာကောင်းသည့် မျက်နှာလေးနှင့် ပြန်လည်ညင်သာလာခဲ့ပြီး ဖြောင့်စင်းနေသည့် နှာခေါင်းထိပ်ရှိ မျက်မှန်လေးက သူ့ကို ပိုပြီးရိုးရှင်းပုံပေါက်စေသည်။
သို့သော် ထိုဟာက လွန်ခဲ့တဲ့ငါးမိနစ်လောက်က ကုကျင်းကျိုအပေါ် စူးချီ၏အကဲဖြတ်မှုပါပဲ။
အခုကြည့်လိုက်တော့ မျက်လုံးအဆုံးထိ ကွေးညွတ်အောင် ပြုံးနေသည့် ကုကျင်းကျို၏ နှုတ်ခမ်းထောင့်များက သူ့ကို စိတ်မသက်မသာဖြစ်စေသည်။ မျက်နှာပေါ်ရှိ ဖြာထွက်နေသည့် မီးအလင်းရောင်က ချက်ချင်းဆိုသလို စူးရှတယ်လို့ ခံစားလိုက်ရသည်။
သူ့ရဲ့သွင်ပြင်နှင့် စိတ်နေစိတ်ထားကို လျစ်လျူရှုပြီးလျှင် ထိုအချိန်တုန်းက ကုကျင်းကျိုနဲ့ အခုချိန်ကလူနဲ့က လုံး၀မတူကွဲပြားလှသည်။
ခဏလောက်ကြာအောင် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေပြီးနောက် စူးချီက ယဉ်ကျေးပျူငှာစွာ သတိပေးလိုက်သည်။
"စစ်ဆေးမှု စလို့ရပြီလား ??"
YOU ARE READING
လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်
Romanceလူချမ်းသာကြီးရဲ့ ကလေးလေးကို ငါလွယ်ထားရတယ် #myanmar translation,not my own Author :: Sweet and Greasy Millet Porridge Total chapter :: 114chapter