ပြန်လည်မွေးဖွားလာခြင်း
မနက်ခင်းအစောပိုင်းမှာ နေရောင်ခြည်လေးက ဥယျာဥ်ငယ်လေးပေါ် ညင်သာစွာ ဖြာကျနေပြီး သစ်ပင်ရိပ်လေးတွေကို ပေါ်ပေါက်လာစေတယ်။ သစ်ပင်တွေကို ထိုးဖောက်ဝင်ရောက်ကာ ဖြတ်သန်းလာသည့် ရွှေရောင်အလင်းတန်းများက အနီရောင်ခေါင်မိုး၊ အဖြူရောင်နံရံရှိတဲ့ အနောက်တိုင်းစတိုင် အဆောက်ဦးငယ်ပေါ်သို့ ကျရောက်သွားသည်။
အနောက်တိုင်းစတိုင် အဆောက်အဦး၏ ဒုတိယထပ် ညာဘက်မှာရှိသည့် ကြမ်းပြင်မှ မျက်နှာကျက်ထိ ရှည်လျားသည့် ပြတင်းပေါက်သည် အညိုရောင်မှိုင်းမှိုင်း ခန်းစီးလိုက်ကာဖြင့် တင်းတင်းကြပ်ကြပ် ချည်နှောင်ခံထားရပြီး မနက်ခင်းအလင်းရောင်များက ထိုခန်းစီးလိုက်ကာများကို တောက်ပစွာ ဖြတ်သန်းဝင်ရောက်နေကြသည်။
နေရောင်ခြည် အနည်းငယ်သာ ဝင်ရောက်နေသည့် မှုန်ဝါးဝါးအခန်းငယ်လေးထဲမှာ အရာအားလုံးဟာ တိတ်ဆိတ်နေပြီး လေတိုးသံသဲ့သဲ့ကိုသာ ကြားရသည်။
စူးချီက နှစ်မီတာကျယ်သည့် အိပ်ရာကြီး၏ အလယ်မှာ ခြေပစ်လက်ပစ် လဲလျောင်းနေသည်။ ပတ်ဝန်းကျင်က သိပ်ပြီး လင်းထင်းမနေတာတောင်မှ ဘောလုံးတွေ အပြည့်ထည့်သိပ်ထားသလို ကြီးမား၊လုံးဝိုင်း၊ ဖောင်းကားနေသည့် သူ၏ဝမ်းဗိုက်ကြီးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
ကိုယ်ဝန်ခြောက်လကျော်နေသည့် ဝမ်းဗိုက်ကို ညာဘက်လက်ဖြင့် ထိကိုင်ကြည့်ကာ
စူးချီ သက်ပြင်းချမိ၏။ဗိုက်ထဲရှိကလေးလေးက သူ၏ထိတွေ့မှုကို ခံစားမိသည်ထင်၏။ သူလေးက အနည်းငယ် တွန်းထိုးလှုပ်ရှားလာသည်။ သူ့ကို ကန်လိုက်တာက ကလေးလေး၏ လက်လား၊ ခြေထောက်လေးလားဆိုတာ သူမသိပေ။ ဒီလှုပ်ရှားမှု သေးသေးလေးတွေက သူ့ဗိုက်ထဲမှာ အသီးလေးတစ်လုံး ရှိနေတယ်လို့ တွေးထင်စေသည်။
လွန်ခဲ့တဲ့ ငါးရက်တုန်းကတော့ သူ့မှာ အရမ်းကို ရှော့ရခဲ့ပြီး အခုမှာတော့ သူ့နှလုံးသားလေးက လုံးဝကို ငြိမ်သက်နေပြီး တုန်လှုပ်ခြောက်ခြားမနေတော့ပါဘူး။ မျက်နှာတစ်ချက်မပြောင်းဘဲနဲ့ သူရဲ့ပြောင်ရှင်းနေတဲ့ ဝမ်းဗိုက်ဖောင်းဖောင်းကြီးကို ထိတွေ့ကိုင်တွယ် နေနိုင်ပါပြီ။
YOU ARE READING
လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်
Romanceလူချမ်းသာကြီးရဲ့ ကလေးလေးကို ငါလွယ်ထားရတယ် #myanmar translation,not my own Author :: Sweet and Greasy Millet Porridge Total chapter :: 114chapter