ရွှီကျဲ
သူ့နှလုံးသားထဲမှာ ဆန္ဒမရှိမှုတွေက အခါဆယ်သိန်းလောက် ထွက်ပေါ်လာတာကြောင့် သူက ဒီကိစ္စနဲ့ပတ်သက်ပြီး ရွှီကျူးနဲ့စကားပြောဆိုဖို့ ချက်ချင်းဆုံးဖြတ်လိုက်သည်။
သူက ဖုန်းကိုကောက်ကိုင်ကာ ရွှီကျူးကို ဖုန်းခေါ်တော့မလို့ရှိသေး အ၀တ်တွေကို တိတ်တဆိတ်နေရာချပေးနေသည့် ရှောင်းဟွာနှင့် အခြားသူများက နှုတ်ဆက်တာကို ကြားလိုက်ရသည်။ "Sir -- ပြန်လာပါပြီလား"
သူခေါင်းကိုလှည့်ကြည့်လိုက်တော့ ရွှီကျူးက မှင်ပြာရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး တံခါးကနေ လျှောက်လှမ်းလာတာကို တွေ့လိုက်ရသည်။ သူ့မျက်ခုံးများက အကျင့်အတိုင်း မျက်မှောင်ကြုတ်နေကာ မျက်လုံးထဲတွင် ပင်ပန်းမှုအချို့ရှိနေသည်။
ရွှီကျူးက ရှောင်းဟွာနဲ့အခြားသူများကို ခေါင်းညိတ်နှုတ်ဆက်ပြီး ပြောလိုက်သည်။
"သွားပြီး အခြားဟာတွေ သွားလုပ်ချည်တော့ "ရှောင်းဟွာနှင့်အခြားသူများက တူညီစွာတုံ့ပြန်ကြသည်။ မိန်းမငယ်လေးများက လက်ထဲရှိအရာတွေကို ချထားခဲ့ကာ အခန်းထဲကနေ အလျင်အမြန် ပြေးထွက်သွားကြပြီး သူတို့ထွက်သွားပြီးနောက် တံခါးပိတ်ပေးခဲ့ဖို့ကို မမေ့ကြလေဘူး။
ရွှီကျူးက စူးချီ၏ရှေ့သို့ မှုန်မှိုင်းစွာနဲ့ ရောက်ရှိလာပြီး စူးချီ၏ဖုန်းမျက်နှာပြင်ပေါ်က နာမည်ကို တစ်ချက်မြင်လိုက်ရသည်။ သူရပ်တန့်သွားပြီးနောက် ကုတ်အင်္ကျီကိုချွတ်ကာ မေးသည်။ "ငါ့ကို ရှာနေတာလား "
ရွှီကျူးက သူ့ရဲ့ကုတ်အင်္ကျီနဲ့ အဖြူရောင်တီရှပ်ကို သူ့ရှေ့တွင် ချွတ်ကာ အပေါ်ပိုင်းက ပြောင်ရှင်းသွားပြီး တောက်ပပြီးကျန်းမာသည့် အဖြူရောင်အသားအရေကို တွေ့လိုက်ရသည်။ ၀မ်းဗိုက်ကြွက်သားများက ထင်ရှားလှသည်။
အ၀တ်ပါးလေးနဲ့ လတ်ဆက်သန့်ရှင်းလှတဲ့ လူသားဆိုတာ ရွှီကျူးလိုလူကိုပြောတာလား။
စူးချီက ခေါင်းကိုငုံ့ကာ သူဗိုက်ကလေးကိုကြည့်လိုက်တော့ ချက်ချင်း ၀မ်းနည်းထိရှသွားရသည်။
YOU ARE READING
လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်
Romanceလူချမ်းသာကြီးရဲ့ ကလေးလေးကို ငါလွယ်ထားရတယ် #myanmar translation,not my own Author :: Sweet and Greasy Millet Porridge Total chapter :: 114chapter