Part-29.2

905 120 16
                                    

အစောပိုင်းကာလတွေမှာ ရွှီကျူးက အကျင့်ပျက်မဲမှောင်မသွားသေးသလို ရွှီမိသားစုတစ်ခုလုံးကိုလည်း မအုပ်ချုပ်နိုင်သေးဘူး။ သူက ရွှီယန်ကျင်းနှင့် ရွှီမိသားစု အကြီးအကဲများ၏ ဖိနှိပ်ခြင်းကို အမြဲတမ်းခံရသည်။ ဇာတ်လိုက်မနှင့် ဇာတ်လိုက်တို့၏ချစ်ခြင်းကြောင့် လှုံ့ဆော်ခံလိုက်ရသော ရွှီကျူးသည် အာဏာအတွက် စတင်တိုက်ပွဲ၀င်သည်အထိပဲ။

ထို့ကြောင့် ဒီကာလတွေမှာ စန်းဖေးနှင့်ရွှီဟောက် သားအမိနှစ်ယောက် သူ့ရှေ့မှာ ခုန်ပေါက်နေတာကို ခွင့်ပြုထားသည်။

လူသုံးယောက်၏အနာဂါတ်အဆုံးသတ်ကို တွေးတောရင်း စူးချီမှာ ကူကယ်ရာမဲ့စွာ သူတို့အတွက် ၀မ်းနည်းမိသည်။

လူတိုင်းက သူတို့ရဲ့တူတွေကို လှုပ်ရှားလိုက်ကြတဲ့အခါ အကြာကြီးတိတ်ဆိတ်နေခဲ့သည့် ရွှီယန်ကျင်းက ရုတ်တရက် ထပြောသည်။
" မင်းက စူးချီလား "

စူးချီက ခဏလောက်ထိတ်လန့်သွားပြီး ပြန်ဖြေသည်။ " ဟုတ် --- "

ရွှီယန်ကျင်းက လှောင်ရယ်လိုက်ပြီး စကားတစ်ခွန်းမှမပြောဘဲ စူးချီရဲ့ညစာပန်းကန်ထဲက အသီးအရွက်တွေ ရွေးထုတ်ပေးနေတဲ့ ရွှီကျူးကို လှည့်ကြည့်သည်။ ရွှီကျူး၏သဘာ၀ကျပြီး ကျွမ်းကျင်သော လှုပ်ရှားမှုများကို မြင်လိုက်ရသဖြင့် သူ့မျက်ခုံးများက ပိုမိုနက်ရှိုင်းသွားသည်။

" ဒီလိုပုံစံနဲ့ မင်းက ဘာကိုဆိုလိုတာလဲ ? "
ရွှီယန်ကျင်းက ရုတ်တရက် ထအော်သည်။ စန်းဖေးနှင့်ရွှီဟောက်ဘေးမှာ ထိုင်နေသည့်သူက စားပွဲကို ရိုက်ချသည်။ " ယောက်ျားတစ်ယောက်ကို ခေါ်လာပြီး ပြန်လာခွင့် ငါက ပြုထားလို့လား ။ မင်းဘာသာ ထွက်သွားချင်လို့ ထွက်သွားခဲ့တာ။ ရွှီမိသားစုရဲ့တံခါးကို နောက်တစ်ကြိမ် ဘယ်တော့မှာ ခြေမချနဲ့။ !! ရှက်စရာပဲ --- မင်းကြောင့် မျက်နှာပျက်ရတယ် "

ရွှီဟောက်က ထမင်းစားနေစဉ် ဘာမှမပြောပေမယ့် မျက်နှာကတော့ ကြည်နူးမှုအပြည့်ပဲ။

စန်းဖေးက ဟင်းပန်းကန်နှင့်တူများကို အမြန်ချလိုက်သည်။ ရွှီယန်ကျင်း၏မျက်နှာက ဒေါသကြောင့် နီမြန်းလာပြီးနောက်မှာ သူမက ညင်သာစွာ ဖြောင်းဖျသည်။ " ရှင့်မှာ ပြောစရာရှိတယ်ဆိုရင် ထမင်းစားပြီးတဲ့အထိ စောင့်ပြီးမှ ပြောပါ။ ရှောင်ကျူးက နောက်ဆုံးတော့ အိမ်ပြန်လာပြီကို --- အခက်တွေ့အောင် မလုပ်ပါနဲ့။ လူတိုင်းမပျော်ရွှင်ဘဲ နေလိမ့်မယ် "

လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်Where stories live. Discover now