သွေးအေးစစ်ပွဲ
အပြန်လမ်းမှာ ရွှီကျူး၏မျက်နှာက အရမ်းကို ပုံပျက်နေခဲ့သည်။
သူက နောက်မှာပါလာသည့်စူးချီကို လျစ်လျူရှုကာ မဲမှောင်နေသော အမူအရာကြီးနှင့် ခြေတံရှည်ကြီးနှစ်ချောင်းဖြင့် အလျင်အမြန်လျှောက်သွားသည်။ ခဏလေးအတွင်းမှာပဲ စူးချီ၏မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့သည်။
စူးချီက လမ်းကြောင်းတစ်လျှောက်ကို ဖြည်းညင်းစွာ လျှောက်ကာ ပြန်သည်။ ခြေလှမ်းသံကိုကြားလိုက်ရပြီး သူ့ရှေ့ရှိအလင်းရောင်ဖျော့ဖျော့က ပိတ်ကာခံလိုက်ရပြီးနောက် သူမော့ကြည့်လိုက်တော့ ရွှီကျူးက အမူအရာမဲ့စွာ သူ့ရှေ့မှာ ရပ်နေခဲ့သည်။
စူးချီက နှုတ်ခမ်းလေးများပင့်တင့်ကာ ပြုံးလိုက်တော့ မျက်လုံးများက လခြမ်းကွေးသဏ္ဍာန်ဖြစ်သွားပြီး အကူအညီမဲ့နေသည့် သူ့ပုံစံလေးက အပြစ်ကင်းစင်နေခဲ့သည်။
"ခင်းဗျားစိတ်က ဘာဖြစ်သွားတာလဲ""မင်းနောက်ကို တမင်သက်သက် လိုက်ခိုင်းခဲ့တာမလား။ ဒါကြောင့်မို့ ပိုင်ကောင်းကျီနဲ့သူ့ဇနီးက မင်းရဲ့ဖိတ်ခေါ်မှုကို မငြင်းရဲတာလေ"
ရွှီကျူး၏အသံက ဖိအားနိမ့်နေပြီး သူ၏တစိုက်မက်မက် စူးစိုက်ကြည့်နေမှုက စူးချီရဲ့ဝိဉာဉ်ကို ဖောက်ထွင်းကြည့်နေသလိုပဲ။စိတ်လေးလံမှု လုံးဝရှိမနေတဲ့စူးချီက စိတ်မလုံခြုံစွာနဲ့ ခြေနှစ်လမ်းဆက်တိုက် နောက်ဆုတ်သွားတာကို တွေ့လိုက်ရသည်။
"ပိုင်ကောင်းကျီကတော့ သေချာပေါက်
ကျွန်တော့ကို မငြင်းဘူး။ ဒါပေမယ့် သူ့ဇနီးကတော့ လက်ခံနိုင်ခြေသိပ်မရှိဘူး။"
စူးချီက သူ့ရဲ့ဗိုက်ပူလေးကို ထိကိုင်ထားပြီး ယုံကြည်မှုမရှိစွာပြောသည်။ရွှီကျူးရှိနေရင်တော့ ချန်းမေ့ရှင်းက စူးချီရဲ့ အတူတကွတွေ့ဆုံစားသောက်ဖို့ ဖိတ်ခေါ်ချက်ကို မငြင်းဆန်နိုင်ဘူး။ သူဘယ်လောက်ပဲ တွန့်ဆုတ်နေပါစေ အရေးမပါတော့ဘူးပေါ့။ ဒါ့အပြင် အမျိုးသားနဲ့ဇနီး နှစ်ယောက်စလုံးက အလုပ်ကိစ္စအတော်များများမှာ
ရွှီကျူးအပေါ်မှီခိုဖို့ လိုသေးသည်။
YOU ARE READING
လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်
Romanceလူချမ်းသာကြီးရဲ့ ကလေးလေးကို ငါလွယ်ထားရတယ် #myanmar translation,not my own Author :: Sweet and Greasy Millet Porridge Total chapter :: 114chapter