Part-26.1

1.5K 189 7
                                    

ရှာဖွေခြင်း

စူးချီသည် မသိလိုက်ဘာသာ မျက်လုံးများ ပြူးကျယ်လာပြီး သူ့အမူအရာက အံ့ဩမှုနှင့် ဒေါသထွက်မှုတို့ ရောထွေးနေသည်။ သူက ရွှီကျူး၏အေးစက်စက်မျက်နှာကြီးကို ခဏလောက်ကြည့်ပြီး သူ ဘယ်လိုတုန့်ပြန်ရမယ်မှန်းတောင် မသိတော့ဘူး။

ရွှီကျူးနှင့်ယွဲ့မင်းထန်က အရင်ကတည်းက အချင်းချင်းသိခဲ့ကြတာလား။

ရွှီကျူးက ယွဲ့မင်းထန်ကို ဘာလို့မတုန့်ပြန်တာလဲ။????

သူ့အတွေးတွေ ထိန်းမရသိမ်းမနိုင်စွာနဲ စူးချီက ၀မ်းနည်းနေခဲ့သည်။

ရွှီကျူးက ယွဲ့မင်းထန်အကြောင်း ‌မပြောခင်တစ်စက္ကန့်လောက်က ကျေးဇူးတွေတင်နေသေးတာ။ အခု သူတို့က အသိအကျွမ်းဟောင်းတွေဆိုတာ သိလိုက်ရသည်။

ဒီတော့ ရွှီကျူးနဲ့ ယွဲ့မင်းထန်က ဘယ်နေရာမှာ ပထမဦးဆုံး ဆုံခဲ့ကြတာလဲ။ ဒါက နောက်ထပ်တွေ့ဆုံမှုလား ---??။ ရွှီကျူးက ယွဲ့မင်းထန်အပေါ် ဘယ်လိုခံစားရသလဲ။

မေးခွန်း‌တွေတသီကြီးက စူးချီ၏စိတ်ထဲ တဖျတ်ဖျတ်ပြေးလွှားနေသည်။

အကြောင်းပြချက်အချို့ကြောင့်နဲ့ ရွှီကျူး၏ ယခုပဲသက်သားရာရသွားသလို ပုံစံကို စူးချီ မြင်လိုက်ရတာကြောင့် သွေးလွှမ်းသောမှန်းဆချက်များက စိတ်ထဲမှာ ထိန်းမရနိုင်စွာ ပေါ်လောပေါ်နေသည်။

အဲဒီအချိန်တုန်းက ရွှီကျူးက သူ့ကို  စိတ်ရင်းဖြင့် ကူညီချင်တာမဟုတ်ဘဲ သူ့ကိုကူညီတယ်လို အမည်ခံပြီး ယွဲ့မင်းထန်အတွက် ရှေ့ထွက်ပေးလာတာဖြစ်နိုင်သည်။

ထိုဟာကိုတွေးပြီးနောက် နောက်ကျောဘက်က အေးစက်လာတာကို စူးချီခံစားလိုက်ရပြီး သူ့မျက်နှာက ပိုပိုပြီး အကြည့်ရဆိုးလာသည်။

"ဒါဆို ယွဲ့မင်းထန်အတွက် ခင်ဗျား ထွက်လာတာပေါ့ --" စူးချီမှာ အကူအညီမဲ့စွာ သူ့စိတ်ထဲရှိနေတာကို တိုက်ရိုက်ထုတ်ပြောလိုက်ပြီး ရွှီကျူးကို ၀မ်းနည်းမှုတွေပြည့်လျှံနေသည့် မျက်လုံးရွဲကြီးဖြင့် ကြည့်နေခဲ့သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ ရွှီကျူးက ဒေါသထွက်စွာ ရယ်မောမိပြီး ယွဲ့မင်းထန်ကို ကယ်နေတုန်းက စူးချီ၏သတ္တိက အတော်ကောင်းနေတာမဟုတ်ဘူးလားလို့ တွေးမိသည်။ စူးချီစိတ်၀င်စားနေသည့် ယွဲ့မင်းထန်ကို သူ နေ့တိုင်းတော့ စောင့်ကြည့်မနေပါဘူး။ ဒါပေမယ့် စူးချီက သူ့ခေါင်းကို ဦးထုပ်ဆောင်းပေးချင်နေတယ်။

လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်Where stories live. Discover now