Part-8

2.4K 258 2
                                    

အရင်လူ

စူးချီက ရွှီကျူးကို စိုက်ကြည့်နေတုန်း သူက လက်ထဲရှိအရာအားလုံးကို လွှင့်ပစ်ကာ ရက်စက်သော လူယုတ်မာတစ်ယောက်ဖြစ်ရန် ဆုံးဖြတ်လိုက်ပြီး မဆိုင်းမတွလှည့်ကာ ကားထဲမှ ဆင်းသွားသည်။

ဝတ္ထုထဲက ကာရိုက်တာအရ ရွှီကျူးက နဂိုကတည်းက မူလပိုင်ရှင်နဲ့ ကလေးအပေါ်မှာ လူယုတ်မာတစ်ယောက်ပဲ။

စူးချီက အကူအညီမဲ့စွာ ခေါင်းရမ်းလိုက်ပြီး လက်အနည်းငယ်ဆန့်ထုတ်ကာ အော်လိုက်တယ်။ " လူယုတ် --- မဟုတ်ဘူး -- ညီအစ်ကို စိတ်ဆိုးသွားတာလား။ ကျွန်တော် စလိုက်တာပါ။ ကျွန်တော်က ခင်းဗျားရဲ့မိတ်ကပ်စကေးက ဆိုးဝါးမယ်မထင်မိလို့ ခင်ဗျားလုပ်နိုင်တယ် တွေးလိုက်တာ။ နောက်လယ်ဗယ်ကို ထပ်တက်သင့်တယ်"

ရွှီကျူးက စူးချီ၏စကားများကို မကြားဟန်ဆောင်ကာ ခြေလှမ်းကျဲကျဲဖြင့် စတိုးဆိုင်ဆီသို့ သွားသည်။ဆိုင်၏တံခါးဝမှာ ဝန်ထမ်းလေးယောက်က ချက်ချင်းပဲ သူ့ကို လေးစားစွာ ကြိုဆိုကြသည်။

ရွှီကျူး နောက်ထပ်စိတ်ကောက်သွားတာကို သူ သိလိုက်ပြီး သူ့မျက်လုံးများကို စောင်းကာ ပြုံးဖြဲဖြဲလုပ်ပြီး ကားထဲမှထွက်ရင်း
သူ့ကိုယ်သူ မပီမပြင် ပြောသည်။ "ခင်ဗျား ဒေါသထွက်တဲ့ပုံကို သဘောကျတယ်"

သူ့မျက်နှာပေါ်မှာ ရုပ်ဆိုးပြီး လူပြက်ဆန်တဲ့ မိတ်ကပ်မရှိတာကြောင့် နောက်ဆုံးမှာ စူးချီက ယုံကြည်မှုအချို့ပြန်ရလာပြီး ပန်ရောင်တီရှပ်နဲ့ ချည်ဘောင်းဘီကိုဝတ်ကာ ရွှီကျူးဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။

ဝန်ထမ်းလေးယောက်၏ မျက်နှာတွေမှာ ထူးဆန်းသောအကြည့်တွေရှိနေပြီး စူးချီက ပြုံးပြကာ သူတို့ကို နှုတ်ဆက်လိုက်သည်။
" ဟယ်လို --- ကျွန်တော်က ရွှီကျူးရဲ့မိသားစုဝင်ပါ"

" ---- " ဝန်ထမ်းတွေက အချိန်အကြာကြီး တိတ်ဆိတ်သွားကြပြီးနောက် သူတို့ရဲ့အာရုံစူးစိုက်မှုကို ရွှီကျူးဆီ အတည်ပြုဖို့ ပို့လိုက်သည်။

စူးချီက ထူးဆန်းတဲ့အဝတ်အစားတွေကို ဝတ်ဆင်ထားပြီး လမ်းလျှောက်ရဲလိမ့်မယ်လို့ ရွှီကျူး မထင်ထားဘူး၊ သူ့အမူအယာက တောင့်တင်းသွားရပြီး ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်လုနီးပါးပဲ၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးနဲ့ သက်ပြင်းနက်နက်ချပြီး တိုက်ရိုက်ကို
မကြည့်ချင်တော့ဘူး။

လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်Where stories live. Discover now