သင်ခန်းစာပေးခြင်း
စူးချီမှာ ရှီဟောက်နဲ့ ညှိနှိုင်းလို့ရမယ့်လို့ မျှော်လင့်ရတာပဲ။ နောက်ဆုံးတော့ သူဟာ ဖျော်ဖြေရေးနယ်ပယ်မှာရှိနေခဲ့ပြီး ငုံ့ကြည့်တဲ့အခါ မမြင်နိုင်ခဲ့ပေမယ့် ဒီနေ့ကို မြန်မြန်ရောက်လာဖို့တော့ မမျှော်လင့်ထားခဲ့ဘူး။
မူလပိုင်ရှင်နှင့် ရှီဟောက်သာ သာမာန်ဆက်ဆံရေးရှိခဲ့ပါက သူ ရှီဟောက်ကို အလွန်မုန်းတီးမည်မဟုတ်ပေ။
ရှီဟောက်က မူလပိုင်ရှင်ကို ချီးမွမ်းပြောဆိုတာက မူလပိုင်ရှင်ရဲ့ ရုပ်ရည်သွင်ပြင်ကို သဘောကျပြီး သူ့ရာထူးနဲ့ ဖုံးကွယ်ထားသောစည်းမျဥ်းတွေကို အသုံးပြုချင်တာလို့
ဝတ္ထုဖန်တီးသူက အချက်အလက်နဲ့ရှင်းပြထားတာကို သူ မှတ်မိသေးတယ်။ မူရင်းပိုင်ရှင်က အရွယ်မရောက်သေးတာတော့ သနားစရာပဲ၊ ဒါကြောင့်မို့ သူက မိုက်မိုက်ကန်းကန်း မပြုမူရဲသေးဘဲ ရိုးသားကြိုးစားဖိုးသခွားပုံစံပဲ ဟန်ဆောင်နေခဲ့ရတယ်။ မူရင်းပိုင်ရှင်ကို အရသာရှိတဲ့ မုန့်လာဥလို စောင့်ကြည့်နေခဲ့တယ်။ထို့နောက် ရှီဟောက်က လိမ်ညာလှည့်ဖြားခဲ့တယ်။
ရှီဟောက်က တစ်ပြိုင်တည်းမှာ လူအများကြီးကို လိမ်ညာကစားနေခဲ့ရုံသာမက စတားတွေထဲက တစ်ယောက်ဖြစ်တဲ့ ထန်မုန်ယင်ဆိုသူက မူလပိုင်ရှင်ရဲ့ ကာရိုက်တာတွေနဲ့ ကြေငြာချက်တွေကို လုယူသွားတာလိုမျိုး မူလပိုင်ရှင်ကို အနိုင်ကျင့်တာကို ခွင့်ပြုပေးခဲ့သည်။
တကယ်တော့ ဒီတွေ့ဆုံမှုက စူးချီကို စိတ်အလိုမကျဖြစ်စေသည်။ ရှီဟောက်က မူလပိုင်ရှင်ရဲ့အရက်ထဲမှာ ဆေးခပ်ပြီး
အမြင်မတင့်တယ်သည့် ဓာတ်ပုံများကို ရိုက်ယူကာ သူ့ဘေးမှာရှိစေဖို့ ခြိမ်းခြောက်တာကို သဘောတကျ ပြုလုပ်ခဲ့သည်။ရှီဟောက်က စိတ်မချရတဲ့သူဖြစ်နေတာက သနားစရာပဲ၊ မူလပိုင်ရှင်ကို ခြိမ်းခြောက်ထားသည့်ဓာတ်ပုံများက သူ အရက်မူးတာနဲ့ သောက်ဖော်သောက်ဖက်များကို ပြသခြင်းခံရသည်။
ဒါကြောင့်မို့ မူလပိုင်ရှင်၏ဂုဏ်သတင်းက အလွန်ဆိုးဝါးသွားရသည်။
YOU ARE READING
လူချမ်းသာကြီးရဲ့ကလေးလေးကို ငါလွယ်ထားရတယ်
Romanceလူချမ်းသာကြီးရဲ့ ကလေးလေးကို ငါလွယ်ထားရတယ် #myanmar translation,not my own Author :: Sweet and Greasy Millet Porridge Total chapter :: 114chapter